Part (27)

1.2K 36 2
                                    


ဘယ်ဘယ်လက်သူကြွယ်လေးကိုကြည့်ပြီး ရိပ်သက်ပြင်းချနေမိတာဘယ်နှကြိမ်မှန်းမသိ
ထိုလစ်ဟာသွားသောနေရာလေးကြောင့် စိတ်ထဲမှာတစ်ခုခုလိုနေသလိုပင် ထိုလက်မှစွပ်ထားသည့်လက်စွပ်လေးပျောက်သွားတုန်းကဆို ရိပ်မှာရှာမရ၍ငိုခဲ့ရသေးသည် နောက်တော့မှမောင်ကချွတ်ပစ်ခဲ့မှန်းသိခဲ့ရ၏

ထိုလက်စွပ်က မောင့်ဖေဖေ ရိပ်တို့မင်္ဂလာပွဲအတွက်လက်ဖွဲ့ခဲဲ့သော လက်စွပ်ပင် ရိပ်က'ဘာလို့ချွတ်ပစ်ခဲ့တာလဲ'လို့မေးတော့ 'သူများပေးတာမဝတ်ရဘူး'တဲ့လေ

အန်ကယ်ကသူစိမ်းမဟုတ်ကြောင်း မောင့်ဖေဖေဖြစ်ကြောင်းပြောတော့ မောင်ကမျက်မှောင်ကြုံ့ကာ အံကြိတ်သံကြီးဖြင့် 'သူကကျုပ်အဖေမဟုတ်ဘူး'တဲ့ မောင်က အန်ကယ်နှင့်ပတ်သတ်ရင်ဘယ်လိုပြောပြောနားမထောင်ပေ အန်ကယ်စီစဥ်ပေးခဲ့သော လက်ထပ်ပွဲကိုအသိအမှတ်မပြုသလို လက်ထပ်လက်စွပ်ကိုလည်းအတည်မယူဘူးတဲ့လေ ဒါဆိုရိပ်ကိုရော မောင့်ယောက်ျားအဖြစ်အသိအမှတ်မပြုဘူးလားမေးတော့ ထိုထဲတွင် ရိပ်တော့မပါဘူးတဲ့ မောင်ကတကယ့်လူလည်

မောင်ကရိပ်ကို လက်စွပ်အသစ်ပြန်ပေးမှာမို့ ထိုလက်စွပ်ကိုမေ့လိုက်ဖို့ပြောသည် အန်ကယ်သာသိရင် စိတ်မကောင်းဖြစ်နေလိမ့်မည်ဆိုသော်လည်း ရိပ်မှာမောင့်စကားကိုနားထောင်ယုံမှလွဲ၍အခြားမရှိပေ

ဟင်းးးးးးး

ရိပ်သက်ပြင်းနောက်တစ်ကြိမ်ချလိုက်မိသည် အပြင်ဘက်တွင် အနီရောင်နေဝင်ကြီးက ဝင်လုဆဲဖြစ်နေပြီး ကျေးငှက်တချို့က သူတို့ဌာနီဆီသို့ ပျံသန်းနေကြပြီဖြစ်သည် ရိပ်အနားကိုအမြဲတစေကပ်နေတတ်သည်မောင်က အခုတလော အလုပ်သွားရင်ရိပ်ကိုမခေါ်တော့ပဲ အိမ်မှာသာနေခဲ့စေသည် မောင်များအရင်လိုပြန်ဖြစ်သွားသည်လားဆိုတော့ မဟုတ်ပေ အလုပ်သွားချိန်မှလွဲ၍ ကျန်သည့်အချိန်တိုင်း ရိပ်ကိုသူ့အနားမှာသာနေစေသည်

နာရီလက်တံလေးက တဖြည်းဖြည်းရွှေ့လျားလာသည်နှင့်အမျှ မောင်ပြန်လာချိန်သို့နီးကပ်နေပြီဖြစ်သည် ရိပ်အောက်ထပ်သို့ဆင်းကာ ဖိနပ်ပါးလေးစီး၍ ခြံထဲသို့လျှောက်ရင်း မောင့်ပြန်အလာကိုစောင့်နေလိုက်သည် လေပြေအဝှေ့တွင် ခြံထဲတွင်စိုက်ထားသောနှင်းဆီပန်းခင်းကြီး၏ ရနံ့သင်းသင်းက နှာဖျားထိပ်ဆီတိုးဝှေ့ကျီစယ်တော့ ရိပ်မျက်လုံးလေးမှိတ်ကာ တဝကြီးရှူရှိုက်လိုက်လေသည် အဆုပ်ထိရောက်လာသောလေတို့ကြောင့် ရင်ထဲမှာအေးကနဲ ပန်းရနံ့သင်းသင်းက စိတ်ကိုကြည်လင်စေသည်

ရင်ခုန်သံတိုးတိုးလေး Onde histórias criam vida. Descubra agora