Part (2)

1.4K 53 3
                                    


ဆောင်းရာသီကိုငါသဘောမကျဘူးမောင်...
ဒါပေမယ့် ဆောင်းရာသီကိုကြိုက်တဲ့မောင့်ကိုတော့ ငါချစ်တယ်

အအေးဒဏ်ကိုငါမခံနိုင်သလို မောင့်ရဲ့အေးစက်မှု့တွေကိုလည်း ဘယ်အချိန်ထိ ခံနိုင်ရည်ရှိမလဲဆိုတာငါမသိဘူးမောင်

'မောင်'တဲ့ မင်းကိုယ်တိုင်ငါ့ကိုခေါ်ခိုင်းခဲ့တဲ့နာမ်စားလေးပေါ့

ငါလည်း မောင့်ကို'မောင်'လို့အမြတ်တနိုးခေါ်ရတာကို သဘောကျတယ်မောင် မောင်ကငါ့ရဲ့တစ်ဦးတည်းသောမောင်လေ

ချစ်တယ်လို့ဖွင့်မပြောရဲဘူးမောင်..မင်းရဲ့လှောင်ပြောင်တာခံရမှာ ငါကြောက်တယ် ဘယ်သူတွေဘယ်လိုပဲ လှောင်ပြောင်ပြီး ကဲ့ရဲ့ရှုတ်ချနေပါစေ အဲ့လူတွေထဲမှာမင်းကိုတော့မပါစေချင်ဘူးမောင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး
လက်ထပ်ထားတဲ့သူတွေဆိုပေမယ့် အချစ်မှမပါခဲ့ပဲ တစ်အိမ်ထဲမှာအတူတူနေရတာကိုတောင် မောင်စိတ်ရှုပ်နေတာ ငါသာမင်းကိုချစ်နေမှန်းသိရင် စိတ်ပျက်ပြီးထွက်သွားမှာငါစိုးရိမ်တယ်မောင် မချစ်ရင်လည်းရတာမို့ မင်းမရှိလို့တော့မဖြစ်ဘူးမောင်

"ကြီးကြီးထား...အဲ့တာဘာအထုတ်လဲဗျ"

အပေါ်ထပ်မှဆင်းလာသော ကြီးကြီးထားဘေးမှကောင်မလေး၏ လက်ထဲတွင်ကိုင်ထားသော အထုတ်ကိုမြင်၍မေးလိုက်ခြင်းပင်

ကြီးကြီးထားဆိုတာ မောင့်ငယ်ငယ်ကတည်းကအိမ်မှာအလုပ်လုပ်လာတာဖြစ်ပြီး မောင့်ကိုထိန်းကျောင်းလာတဲ့သူဆိုလည်းမမှားပေ မောင်ကကျန်တဲ့အလုပ်သမားများကို အလုပ်ရှင်နှင့်အလုပ်သမားအဖြစ်သာဆက်ဆံပေမယ့် ကြီးကြီးထားကိုတော့ အဒေါ်အရင်းလိုဆက်ဆံသည်

"သားမုန်းက ပစ်ခိုင်းလိုက်လို့ သားရိပ်"

"ဘာတွေလဲဟင် ကြီးကြီး"

"အဝတ်ထင်တယ် သားရိပ်"

"အော်..ဟုတ်ကဲ့..ကြီးကြီး"

အဝတ်ထုတ်ဆိုကတည်းက ရိပ်သိလိုက်ပြီပင် မနေ့ညက သူမောင့်အား လဲပေးခဲ့သောအဝတ်ပင်ဖြစ်လိမ့်မည် ရိပ်ရဲ့လက်နဲ့ထိခဲ့တာမို့ မောင်ကလွှတ်ပစ်ခိုင်းတာပင် ဒါမျိုးဟာခနခနမို့ ရိပ်အတွက်တော့မထူးဆန်းတော့ပေ မောင်ကသူ့ပစ္စည်းများအား ရိပ်ကိုင်တာမကြိုက်ပေ ရိပ်လက်နဲ့ထိတဲ့အရာမှန်သမျှက အမှိုက်ပုံးထဲသို့ရောက်ရသည်ပင် ရိပ်မောင့်အဝတ်တွေလျှော်ပေးတုန်းကဆို မောင်မြင်သွားပြီး အဝတ်တွေအားလုံးကိုလွှတ်ပစ်ခဲ့သည် ထိုအချိန်မှစ၍ မောင့်နှင့်ပတ်သက်သည့် ဘယ်အရာဝတ္ထုမဆို ရိပ်မထိတော့ပေ မောင်ကရိပ်ကို ရွံတယ်ထင်ပါရဲ့

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now