Part (30)

919 30 2
                                    

ရန်ကုန်မြို့၏ ညအချိန်တွင် မီးရောင်စုံတို့ထိန်လင်းနေလျှက်ကားလမ်းဘေးတစ်လျှောက် မုန့်သည်များ၊စျေးဝယ်သူများနှင့်စည်ကားလျှက်ရှိသည်

ထိုကားလမ်းမထက်တွင် အနက်ရောင်ကားတန်းကြီးဟာလည်း စီတန်းလျှက် အိမ်ပြန်လမ်းသို့လျင်မြန်စွာမောင်းနှင်နေလေသည်

နာရီကိုကြည့်လိုက်တော့ ၁၁နာရီတောင်ထိုးတော့မည်မို့ ငယ်အိပ်ရာဝင်မည့်အချိန်ပင် ညနေကတည်းကဖုန်းဆက်ပြီး သူ့ကိုမစောင့်ပဲအရင်အိပ်နှင့်ဖို့ပြောထားပေမယ့် အဆိုးလေးကနားထောင်မည်မဟုတ် မင်္ဂလာပွဲအတွက်ရော ပွဲပြီးတာနဲ့ ခရီးထွက်ပါထွက်မည်ဖြစ်သောကြောင့် အရေးကြီးသည့်အလုပ်များကိုအပြတ်ဖြတ်ပြီး လုပ်ငန်းများကိုအတွင်းရေးမှူးနှင့်လွှဲထားခဲ့မည်သာ မုန်းကိုယ်တိုင်ရွေးချယ်ခဲ့သည့်သူမို့ ယုံကြည်စိတ်ချရပြီး အရည်အချင်းရှိလေသည် အစည်းအဝေးထိုင်နေရင်းကိုယ့်မှာစိတ်မဖြောင့် ငယ်စောင့်နေမည်စိုး၍ အစည်းဝေးကိုမြန်မြန်အပြီးသတ်ကာ အိမ်သို့ပြန်လာရသည် ငယ်ကကြာလေကြာလေ မုန်းစကားကိုနားမထောင်လေဖြစ်သည် ကိုယ့်မှာဆူချင်ရင်တောင် ပြိုတော့မည့်မိုးလိုညိုးသွားသည့်မျက်နှာလေးကြောင့် မထိရက်မတို့ရက်နှင့် သူလေးချွဲလိုက်ပြီဆို ကိုယ့်မှာဆက်ပြောစရာစကားပင်မရှိလောက်အောင်ဖြစ်ရလေသည်

အိမ်ရှေ့ကားရပ်သည်နှင့် အိမ်ထဲသို့ပြေးဝင်မိတော့ ထင်ထားသည့်အတိုင်း အဆိုးလေးကဧည့်ခန်းကဆိုဖာပေါ်တွင် အိပ်ပျော်နေလေသည်

"ငယ်"

"......"

"ငယ်...မောင်ပြန်လာပြီလေ..ငယ်.."

ပါးလေးအား ခပ်ဖွဖွပုတ်ကာနိုးတော့ မျက်လုံးလေးအားလက်ဖြင့်ပွတ်၍ အသံပြု၏

"အင်းး....မောင်"

"ဗျာ~ဘာလို့ဒီမှာအိပ်နေရတာလဲငယ်ရယ်...မောင့်ကိုမစောင့်နဲ့လို့မပြောထားဘူးလား"

"မောင်မရှိရင်မအိပ်တက်ဘူး"

အိပ်ချင်မူးတူးအသံလေးနှင့်ပြောလာသော စကားတို့ကြောင့် ကိုယ့်မှာအချစ်ပိုရပြန်သည် တကယ်လည်းစကားတတ်တယ်

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now