"ငါအိမ်ပြန်မယ်လို့ပြောနေတယ်လေ""ကျစ်!ငြိမ်ငြိမ်နေစမ်း ဒီမှာဖိနပ်ဝတ်ပေးနေတယ်လေ"
ထိုင်ခုံပေါ်တွင်ထိုင်နေပြီ ခြေကိုဆောင့်ကာပြောသောသူကြောင့် ဖိနပ်စီးပေးလို့မရဖြစ်နေလေသည် အအေးကြောက်တတ်တဲ့သူက တီရှပ်လက်တိုကို ဘောင်းဘီဒူးဖုံးနဲ့တွဲဝတ်ထားပြီး ခြေညှပ်ဖိနပ်နှင့်ပင် သူ့ကိုယ်သူဟုတ်လှပြီမှတ်နေတာ အအေးမိမှ မရှူနိုင်မကယ်နိုင်ဖြစ်ဦးမည် သူများယောက်ျားကို ခေါ်တုန်းကခေါ်သွားပြီ သေချာဂရုမစိုက်တဲ့သူတွေအားလည်း မုန်းသိပ်မကြည်ချင်ပါ မုန်းဆီက ခေါ်သွားရင်လည်း သေချာဂရုစိုက်ပေးသင့်သည် မဟုတ်ပါလား
"ငါ့ကိုအိမ်ပြန်ပို့ပေး"
"အခုလည်းအိမ်ကိုသွားမှာလေ"
"ငါ့အိမ်ကိုသွားမှာ! အိမ်မှာမာမားစောင့်နေမှာ"
"........"
မုန့်ရန်ခက် ဘာမှမပြောဘဲ ရိပ်အားထရပ်စေကာ အနွေးပွအင်္ကျီအထူကြီးအား ဝတ်ပေးလိုက်လေသည် အင်္ကျီအဖြူရောင်ထဲတွင်မြုပ်နေသောကိုယ်လုံးလေးက တကယ်ကိုဖျစ်ညစ်ပစ်ချင်စရာပင် ခေါင်စွပ်အဖြူလေးအားထပ်မံစွပ်ပေးလိုက်တော့ တကယ့်ကိုနှင်းလုံးလေးအတိုင်း လုံးလုံးလေးနှင့်အသဲယားချင်စရာပင်
"ငါပြောနေတယ်လေ မာမားစိတ်ပူနေတော့မှာလို့"
"အဲ့တော့...."
"ငါအိမ်ပြန်မယ်"
"အင်းပြန်မယ်"
ရိပ်လက်အားဆွဲကာ အရှေ့မှလျှောက်သွားသော သူ၏လက်များထဲမှ ရုန်းလိုက်ပြီး
"ငါ့အိမ်ကိုငါပြန်မှာ မင်းအိမ်ကိုမဟုတ်ဘူး"
"ခင်ဗျားအိမ်ကဘယ်မှာလဲပြော"
"ငါ့အိမ်က မာမားတို့နေတဲ့နေရာ"
"မဟုတ်ဘူး ခင်ဗျားအိမ်က ခင်ဗျားလင်ကျုပ်နဲ့နေတဲ့နေရာ"
"ကျစ်!!မုန်းရန်ခက် မင်းဘာဖြစ်ချင်နေတာလဲ"
"ခေါ်ပြန်ပြီလား အဲ့နာမည် ကျုပ်ကိုအဲ့လိုမခေါ်ဖို့ပြောထားတယ်နော် နောက်တစ်ခွန်းထပ်ခေါ်ရင် ကျုပ်အဆိုးမဆိုနဲ့"