Part (19)

1.3K 45 0
                                    

နေ့တစ်နေ့လုံး အလင်းပေးခဲ့သော နေမင်းကြီးတာဝန်ပြီးဆုံးသွားပြီဖြစ်၍ သူအနားယူချိန်သည် လမင်းကြီး၏ အလင်းဝေဖြာပေးဖို့အချိန်ပင် ကောင်းကင်တွင် တိမ်များကင်းစင်ပြီး ဖိုးလမင်းကြီးဟာ သူ့အဖော်ကြယ်ကလေးများနှင့်အတူ ထွန်းတောက်လျှက်ရှိလေသည်

သို့သော် ငွေစန္ဒာလမင်း၏အလှက တစ်ယောက်သောသူ၏ မျက်လုံးထဲတွင်တော့ ထိုလမင်းအားရှုစားနေသော မြေပြင်ကကြယ်လေးတစ်ပွင့်နှင့်ယှဉ်ရင် မှေးမှိန်နေလေသည်

ညအိပ်ပိုးသားဝတ်စုံအပါးလေးဝတ်ထားကာ ညလေညှင်းတို့တိုက်ခတ်တိုင်း ပိတုန်းရောင်ဆံစလေးများနှင့် နီညိုရောင်ဝတ်စုံလေးတို့ တလွင့်လွင့်ဖြစ်နေလေသည် လမင်း၏အလင်းရောင်ဖြာကျမှု့ ထိုလူသားလေးပေါ်သို့သက်ရောက်သွားချိန်တွင် ညအမှောင်ထဲတွင်ထွန်းထားသော မီးတောက်ရဲရဲလေးပမာတောက်ပလို့နေသည် ထိုမီးတောက်လေးအား လေဓာတ်ကြောင့်လည်း မငြိမ်းစေရသလို ရေဓာတ်ကြောင့်လည်း မပျောက်ကွယ်စေရ  

သူ့ခြေလှမ်းတို့ဦးတည်မိရာက ထိုမီးတောက်လေးရှိရာဆီသို့...
ညကောင်းကင်ကိုပဲစိတ်ဝင်တစားကြည့်နေသည့်သူက သူ့ရောက်နေတာကိုတော့ သတိထားမိပုံမပေါ်ပေ

သွယ်လျလျခါးလေးအား လွတ်ထွက်မှာဆိုးသည့်အလား သိမ်းယူကာဖက်လိုက်သည် လည်ပင်းတစ်ဝိုက် နှာခေါင်းချွန်ချွန်ဖြင့်တိုးဝင်ကာ နမ်းရှိုက်လိုက်တော့ ပထမလန့်သွားပေမယ့် နောက်တော့အလိုက်သင့်လေးနေပေးလေသည်

"မအေးဘူးလား"

လည်ပင်းအား နှာခေါင်းဖြင့်ပွတ်သပ်ကာ ပြောလိုက်တော့ ခေါင်းလေးစောင်းပေးပြီး လက်တစ်ဖက်က မုန်းဆံပင်တို့အား ထိုးဆွလာလေသည်

"ဆောင်းကုန်တော့မှာမို့လို့လားမသိဘူး ဒီရက်ပိုင်းသိပ်မအေးတော့ဘူး နေလို့ကောင်းတယ်ပဲပြောရမှာပေါ့ ခေါင်းလျှော်လာတာလား"

"အင်း..."

"ဆံပင်တွေကို ခြောက်အောင်မသုတ်ဘူး ခေါင်းကိုက်လိမ့်မယ်"

"ခင်ဗျားသုတ်ပေး"

မုန်းစကားကြောင့် နှစ်ယောက်စလုံးအခန်းထဲသို့ပြန်ဝင်လာသည် မုန်းဝရံတာတခါးအားပိတ်လိုက်ပြီး ကုတင်ပေါ်တွင် သဘက်ကိုင်ကာစောင့်နေသူထံ လျှောက်သွားလိုက်ကာ သူနှင့်မျက်နှာခြင်းဆိုင် ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်သည်

ရင်ခုန်သံတိုးတိုးလေး Donde viven las historias. Descúbrelo ahora