Extra end

1.3K 39 7
                                    


3နှစ်ခန့်ကြာသော်.....

"ဒီမှာအသစ်လုပ်ထားတာလေး ငယ့်အကြိုက်ချောကလက်နဲ့လုပ်ထားတာ မြည်းကြည့်"

မောင်ကရိပ်ပြောလာမည့်အဖြေကိုစိတ်လှုပ်ရှားနေဟန်ဖြင့် ရိပ်အားကြည့်နေလေသည်

ပန်းကန်ထဲမှ မောင်ကိုယ်တိုင်လုပ်ထားသော ကိတ်မုန့်လေးအား ဇွန်းဖြင့်ခပ်ကာစားလိုက်ပြီး

"အင်း ကောင်းတယ် ချောကလက်အရသာကမခါးသလို အရမ်းလည်းမချိုဘူး ဘယ်ရီသီးလေးတွေနဲ့ဆိုတော့ ချဉ်ပြုံးပြုံးလေးနဲ့အီမှာမဟုတ်ဘူး လူကြိုက်များမှာသေချာတယ်"

"လူကြိုက်များဖို့မလိုပါဘူး ငယ်ကြိုက်ဖို့ပဲလိုတယ် ငယ်ကြိုက်ရင်မောင်ပင်ပန်းရကျိုးနပ်တယ်"

"မနက်ဖြန်ကျရင် ၁၀လုံးလောက်လုပ်ပေးနော်မောင် ရောင်းကောင်းမှာသေချာတယ်"

"အင်း အင်း မောင်အလုပ်မသွားခင်လုပ်ပေးခဲ့မယ်နော်"

"ဟုတ် ဟုတ်"

မုန်းရဲ့ Hotelဆောက်ဖို့အတွက်လေလံဆွဲကာဝယ်ထားသောမြေနေရာက အခုတော့ငယ်အတွက်ဖြစ်ခဲ့လေသည် အိမ်မှာမနေချင်ဘူး အလုပ်လုပ်ချင်သည်ဆိုသောသူကြောင့် ငယ့်သဘောအတိုင်းထိုနေရာလေးမှာ cakeမုန့်သီးသန့်ရောင်းသည့်ဆိုင်အားဖွင့်ခဲ့လေ၏ ငယ့်ရဲ့စိတ်ကူးအတိုင်းဆောက်ထားတာဖြစ်လို့ တခြားဆိုင်တွေနဲ့မတူဘဲ မြေနေရာကိုပန်းခြံသဖွယ်ဖန်တီးထားပြီး ထိုထဲမှာမှအရိပ်ရသစ်ပင်တွေနဲ့ တခြားသောအသီးပင်တို့စိုက်ပျိုးကာ ဆိုင်လေးအားမှန်များဖြင့်အသုံးပြုကာဆောက်လုပ်ခဲ့လေသည် တစ်ဆိုင်လုံးကိုမှန်တွေနဲ့ပဲဆောက်လုပ်ထားသည့်အပြင် စားသုံးသူတွေကိုယ်တိုင်လည်း ကိုယ်တိုင်ကိတ်မုန့်ပြုလုပ်နိုင်ရန်အတွက်စီစဉ်ပေးထားသေး၏ အတေယ်ဆုံးမုန့်ဖုတ်ဆရာတွေကိုငှားထားသဖြင့် ကိတ်မုန့်တွေကတစ်ခုနှင့်တစ်ခုအရသာလည်းကွဲသလို အပြင်အဆင်ကလည်းမတူညီပေ မုန့်လုပ်နည်းအဆင့်ဆင့်ကိုပါမျှဝေထားသောကြောင့်လည်း ဝါသနာပါသူတွေလေ့လာလို့ရလေသည် ကိတ်မုန့်လည်းစားရင်းအပန်းလည်းဖြေလို့ရအောင် ပန်းခြံလေးထဲတွင်စားပွဲဝိုင်းလေးများကိုပြုလုပ်ထားပေးကာ စာဖတ်ဝါသနာပါသူတွေအတွက်လည်း စာအုပ်တွေထားပေးထားသည် ငယ့်ရဲ့ကိတ်မုန့်ဆိုင်လေးကစဖွင့်တဲ့နေ့ကနေစပြီး တစ်နေ့မှလူပြတ်တယ် မရောင်းရတယ်ဆိုတာမရှိ ဝန်ထမ်းတွေအကုန်လုံးကိုလည်း ငယ်ကိုယ်တိုင်ကပဲရွေးချယ်ကာခန့်ထားလေသည် မုန်းကလည်းအရာအားလုံးကို ငယ့်စိတ်တိုင်းကျသာလုပ်စေသည်  စာဖတ်ဝါသနာပါသည့်သူများအတွက်လည်း အရိပ်ရသစ်ပင်တွေရဲ့အောက်တွင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာဖတ်နိုင်ပြီး ကလေးတွေပါမြက်ခင်းပြင်ပေါ်တွင် ပြေးလွှားကစားလို့ရသည် ဝယ်ယူထားသည့်မြေက ဧကမနည်းတာမို့ငယ့်ရဲ့ဆိုင်လေးက သစ်တော့ရဲ့အလယ်မှာလိုဖြစ်နေလေသည် တစ်နေ့ကိုသိန်းပေါင်းထောင်းသောင်းချီဝင်နိုင်မည့် Hotelဆောက်မည့်projectအားလက်လွှတ်ပြီး သာမာန်ကိတ်ဆိုင်လေးဆောက်ခဲ့သည့် မုန့်အားHotelဆောက်လျှင်ရှယ်ယာဝင်မည့်သူများကပင်နားမလည်နိုင်ကြပေ ဘယ်သူတွေဘယ်လိုထင်နေပါစေ မုန့်အတွက်တော့ ငယ့်ရဲ့ပျော်ရွှင်မှု့တွေအတွက်အားလုံးကိုလဲနိုင်လေသည် အဓိကကငယ်ပြုံးနေဖို့အတွက်သာ

ရင်ခုန်သံတိုးတိုးလေး Where stories live. Discover now