" သူပြန်လာပြီ သူဌေးလေး "အိမ်ထိန်းဦးဘသောင်းရဲ့စကားကို ဆေးလိပ်ငွေ့ကို
လေပေါ်မှုတ်ထုတ်ရင်းနားထောင်တေဲ့အသက်30ခန့်သာ
ရှိသေးတဲ့ကောင်လေး ၊၊"ဘယ်အချိန်ရောက်လောက်မလဲ ဦးဘသောင်း "
" 10နာရီ ကားဆိုက်မှာပါ သူဌေး "
ဆေးလိပ်ကိုလက်ကြားညှပ်ရင်းလက်ကောက်ဝတ်က
နာရီကိုငုံကြည့်လိုက်သည်၊၊"ကားအဆင်သင့်လုပ်ထားလိုက်ပါ ရေးချိုးပြီးဆင်း
လာခဲ့လိုက်မယ်''"ဟုတ်ကဲ့ သူဌေး "
ဦးဘသောင်းအခန်းထဲကထွက်သွားဒါကို တစ်ချက်ဝေ့
ကြည့်ပြီးလက်ထဲကဆေးလိပ်တိုကို ဆေးပြာခွက်ထဲ
ခွေထညျ့လိုကျသညျ၊၊ထို့နောက်။ လေးထောင့်မှန်ဗီယိုထားရှိရာ
ကုတင်နံဘေးလျှောက်သွားလိုက်ပြီးအန်ဆွဲ
ထဲကတစ်စုံတစ်ခုထုတ်လိုက်သည်။လက်ဝါးတစ်အုပ်စာလောက်ရှိတဲ့လေးထောင့်
ပစ်စည်းလေးတစ်ခုကိုကိုင်ပြီး ကုတင်ထက်ခြေဆင်း
ထိုင်လိုက်သည်။ထိုပစ်စည်းလေးက အပြုံးတွေပြည့်နက်နေတဲ့ မိသားစု
လေးတစ်စုံ ရိုက်ထားတဲ့အမှတ်တရ ဓာတ်ပုံလေး
တစ်ပုံပါ။အချိန်တွေက ကုန်ဆုံးသွားပေမဲ့ ဒဏ်ရာတွေက
မပျောက်ခဲ့ဘူး။"သူပြန်ခဲ့ပြီ မေ...မောင်သူ့ကို ထပ်ပြီးချုပ်နှောင်
ရပြန်တော့မယ်..မောင်မလုပ်ခြင်ပါဘူး
ဒါပေမဲ့မေ နဲ့ သမီးလေးအတွက် မောင်
လုပ်မှရမယ် ''"မေ မောင့်ကိုခွင့်လွတ်ပါနော်.. အသုံးမကျတဲ့
မောင်ကြောင့်မေနဲ့ သမီးသေခဲ့ရတာ မောင်
မေနဲ့သမီးကို လွမ်းတယ် မေရယ်"ဓာတ်ပုံမှန်ဘောင်ကိုကြည့်ပြီးငိုနေတဲ့ သူ့အတွက်
ဖြေသိမ့်ရာဟူ၍မျက်ရည်များရယ်သာ။ပါးပြင်ပေါ်ကစီးလာတဲ့မျက်ရည်။နာကြဉ်မူ့ကြောင့်
တစ်ဆက်ဆက်တုန်နေတဲ့နူတ်ခမ်းတစ်စုံ။ဒေါသကြောင့်
ကျုံသွားတဲ့ နက်မှောင်လွန်းတဲ့ မျက်ခုံး။ဖြူနေတဲ့အသား
အရေဟာ စိတ်တိုမူ့နဲ့နီရဲကုန်လေပြီ။