UnicodePart-51
( ဇာတ်သိမ်း)
ခြောက်နှစ်ခန့် ကြာသော်....
" သား..လွမ်းဝေ...ဖြေးဖြေး..''
" ဖေဖေ သားကိုလိုက်..''
" မောနေပြီလေ သားရဲ့..
သားကပန်းတွေကြားဘဲ
ဝင်ပုန်းနေတာကို...''" မမောနဲ့ လိုက်...''
ကြည့် ပြောနေပုံလေးက သူ့daddy
အကျင့်။ အမြဲတမ်းအမိန့် ပေးရမှကို
ကျေနပ်တာ။ အမိန့်ပေးနေမှ
ထမင်းစားဝင်အိပ်ပျော်တဲ့လူ
တွေကိုရှာပါဆို ဒီသားအဖကို
လက်ညိုးညွှန်ပြရမလိုဘဲ။တစ်နေ့တစ်နေ့ သူ့ကို ပန်းပင်
တွေကြားမှာလိုက်လိုက်ရှာရတာ
ဖတ်ဖတ်ကိုမောလို့။
တစ်ခါတစ်လေကျရင်
အရင်က ကိုယ်ပန်းကြိုက်ခဲ့မိတာ
ကိုနောင်တရမိတယ်။အရင်က ကိုယ်သာပန်းမကြိုက်
ခဲ့ရင် ကိုကိုလည်းဒီပန်းတွေကို
စိုက်ခဲ့မှာမဟုတ်သလို
သားလည်းဒီပန်းကြားမှာ
ပုန်းစရာအကြောင်းမရှိဘူး။
အဲ့တော့ လွမ်းလည်းပန်းတွေကြား
ရှာစရာကိုမလိုတော့ဒါ။" လွမ်းဝေလေး..ကိုသော်ပြန်လာပြီ ''
" ရေး..ကိုကိုသော် ပြန်လာပြီ ''
သော်လေးအသံကြားတာနဲ့
ပန်းပင်တွေကြားကပြေးထွက်လာတဲ့
သားကခဏက ပုန်းနေတာ
သူမဟုတ်တဲ့အတိုင်း။" ဖြေးဖြေးလေ...လွမ်းဝေ..လေးရဲ့
ချော်လဲမှဖြင့်...''" သားကလဲပါဘူး..သားက
အားရှိပြီးသား...''ကြည့်။လေကြီးပုံလေးကတော့
ဘယ်သူ့အကျင့်မှန်းကိုမသိတော့ဘူး။
သော်လေးကမောင်သစ်နဲ့
ဒေါက်တာဆက်တို့ရဲ့သားလေးလေ။သူတို့ကအခုအိမ်နောက်အိမ်မှာ
မနေကြတော့ဘူး။ ဒေါက်တာဆက်ရဲ့
မိဘတွေအိမ်မှာဘဲ ပြောင်းနေကြပြီ။
သော်လေး.တော့.ငါးနှစ်ပြည့်ပြီးတဲ့အထိ
အနောက်အိမ်မှာနေကြသေးတယ်။ဟက်..မှအလောတစ်ကြီးပြောင်း
သွားရတဲ့အကြောင်းအရင်းက
မောင်သစ်တို့အကဲပိုနေလို့ လို့ပြော
ရမှာပေါ့။ ဒေါက်တာဆက်က
ကံကောင်းတယ်။ သူကမွေးကတည်းက
ကလေးမွေးလို့ရတဲ့လူမျိုးဖြစ်
နေတော့ မောင်သစ်အတွက်
နောက်ထပ်ကလေးတစ်ယောက်
လွယ်ထားပေးနေပြီလေ။