Part-44

4K 145 8
                                    


Unicode

Part-44

ဆေးရုံရောက်တော့ ကိုကိုနဲ့ မောင်သစ်ကို
မီးယပ်အခန်းရှေ့မှာ စောင့်ခိုင်းပြီး
လွမ်းနဲ့ ဒေါက်တာဆက်ဘဲ..
သားဖွားဆရာဝန်နဲ့တွေ့ဖို့
အခန်းထဲ ဝင်လိုက်သည်။

ဆရာဝန်က လွမ်းကို စစ်ဆေးပြီး
လိုအပ်တဲ့ဆေးထိုးသလို သောက်ရမဲ့
ဆေးတွေကိုပါ တစ်ခါထဲပေးလာတယ်။

" ဒါက တစ်နေ့တစ်ကြိမ်ဘဲသောက်ရမဲ့
ကိုယ်ဝန်ဆောင်အားဆေး...
နေ့လယ်နေ့ခင်းကိုပုံမှန်သောက်ပေးရမယ်.
မနက်အစောကြီးလည်းမသောက်နဲ့.
ညနေကိုလဲ မသောက်နဲ့...မနက်နဲ့ညနေ
သောက်ရမဲ့ဆေးက ဒီနှစ်မျိုး...''

" ဟုတ်ကဲ့ ေဒါက်တာ...''

ဒေါက်တာပေးတဲ့ ဆေးကို လွမ်းသေခြာ
မှတ်ပြီး အိတ်ထဲထည့်လိုက်သည်။

" ဒေါက်တာ နိုင်ဆက်ဝေ ကော
တစ်ခါထဲ စစ်သွားပါလား...
ရောက်နေပြီ ဆိုတော့လေ..''

သားဖွားတရာဝန်စကားကြောင့်လွမ်း
ကြောင်သွားပြီး..ဒေါက်တာဆက်ကို
နားမလယ်သလိုလှည့်ကြည့်လိုက်သည်။

" ဟုတ်ကဲ့ ကျွန်တော်လည်း
တစ်ခါထဲစစ်လိုက်ပါ့မယ်...''

" ဟို...ဒေါက်တာဆက်ကဘာဖြစ်လို့လည်း..
ပြီးတော့ ဒေါက်တာဆက်က ဒေါက်တာလေး.
ဘာလို့ ဒီကဆရာဝန်က စစ်ဆေးရတာလည်း..
ကိုယ့်ဟာကို စစ်ဆေးလို့ရနေတာဘဲကို ''

လွမ်း အူကြောင်ကြောင်ဖြစ်ပြီးမေးလိုက်တော့။

" မတူဘူးလေ ညီရဲ့...ဒေါက်တာဆက်က
ဒေါက်တာတော့ ဟုတ်တယ်..ဒါပေမဲ့
ခွဲစိတ် ဆရာဝန်လေ သားဖွားဆရာဝန်မှ
မဟုတ်တာ..ကိုယ်ဝန်စစ်ဆေးတာတို့
ကိုယ်ဝန်အပ်တာတို့က သားဖွားဆရာဝန်ဘဲ
လုပ်ပေးရတာပေါ့..ခွဲစိတ်ဆရာဝန်က
သားဖွားကိစ္စ ဘယ်ကျွမ်းကျင်ပမလဲ ''

" အဲ.ဒါ.ဆို..ဒေါက်တာဆက်..က''

ပျော်နေတဲ့အသံလေးနဲ့ လက်ညိုးလေး
ထိုးရင်း ကြည့်နေပုံက ကိုယ်ဝန်ဆောင်
နဲ့မတူဘဲ ကလေးငယ်လေးတစ်ယောက်လို
ချစ်စရာကောင်းလို့။

ဆက်..ရှက်ရှက်နဲ့ဘဲ လွမ်း..ကိုခေါင်းငြိမ့်​ပြ
လိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Nơi câu chuyện tồn tại. Hãy khám phá bây giờ