ပုံမှန် အစောကြီး ထတတ်တဲ့ လွမ်း။
ဒီနေ့မှတော့ နေထွက်သည်အထိ
ထဖို့မပြောနဲ့ သိပင်မသိလိုက်။လွှမ်း အိပ်ရာနိုး တော့ ညက
လွှမ်းကို ရင်ခွင်ထဲ ထည့်ပြီး အိပ်ခဲ့တဲ့
ကိုကို အိပ်ယာပေါ်မှာ ရှိမနေတော့။" နေတောင် ထွက်နေပြီဘဲ သွားပြီ
ကိုကို တော့ ဆူတော့မှာဘဲ ''စောင်ပုံကြားက ကပြာကယာထပြီး
ကုတင်ပေါ်က ဆင်းလိုက်တော့
ရေချိုးခန်းဘက်မှာ ရေကျသံကြောင့်
ကိုကို ေရချိုးခန်းထဲမှာ မှန်း သိလိုက်သည်။မြန်မြန်လေး အဝတ်ဗီယို ကြီးတွေထားရာ
ဘက် သွားလိုက်ပြီး ကိုကို အလုပ်သွားဖို့
သင့်တော်မဲ့ အကျီ်နဲ့ ဘောင်ဘီ ကို
ထုတ်ကာ ကုတင်ပေါ် တင်ထားလိုက်သည်။ရေချိုးခန်းအပြင် တန်းပေါ်မှာ လွှားထားတဲ့
ရေချိုး သဘက်ကြီးကြောင့် ကိုကို အထဲကို
ရေချိုးသဘက် ပါမသွားမှန်း သိလိုက်ကာ
သဘက် ကို အမြန်ယူပြီး ရေချိုးခန်း
ပေါက်ဝမှာ ရပ်စောင့် နေလိုက်သည်။ခဏ ကြာတော့
" ကျွိ့ ''!!
ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ ထွက်လာတဲ့ ကိုကို။
အဖြူရောင် ပုဝါစကို ခါးအောက်ပိုင်းမှာ
ပတ်ထားပြီး ေရချိုးသဘက် ပါမသွားသည့်
အတွက် အခုမှလျှော်ထားတဲ့ ဆံပင် များမှ
ရေများ မျက်နှာပေါ်ကနေ တစ်ဆင့်
ခန္ဓာ ကိုယ်ပေါ်ကို တစ်စက်စက် နဲ့
ကျနေသည်။ရေချိုးခန်းပေါက်ဝ မှာ တစ်ဘက်ကိုင်ပြီး
ရပ်စောင့်နေတဲ့ လွှမ်းကြောင်း ရစ် ရယ်လိုက်သည်။ရေချိုးသဘက်သူ့အတွက် ကိုင်ထားပေးတဲ့
ကောင်လေးပုံစံက ဆံပင် အနက်ရောင်လေးတွေက
မဖီးရသေးသည့်အတွက် စုတ်ဖွာ နေပြီး
မျက်နှာလည်းမသစ်သေးပေ။စိုးရိမ်နေတဲ့ မျက်နှာဖြစ်နေပြီး
အကြည့်တွေကိုပါ ဟိုကြည့်ဒီကြည့် လွဲနေပုံက
အိပ်ယာထ နောက်ကျလို့ သူဆူမှာ စိုးနေတာ
ဖြင့် အသိသာကြီး။လှမ်းပေးတဲ့ တစ်ဘက် ကို လှမ်းယူမလိုနဲ့
တစ်ဘက်ကိုင်ထားတဲ့ လက်ကို ဆောင့်ဆွဲ
လိုက်တော့ မိမိ ရင်ခွင်ထဲကို မျက်လုံးလေးပြူးကာ
အလိုက်သင့်လေး ဝင်လာလေ၏။