Part-18(uni/Zg)

4.2K 160 3
                                    


(Unicode)

လွမ်း အတွက် အရသာရှိတဲ့
ဆန်ပြုတ်လေးပြုတ်ပေးရန်အတွက်
အောက်ထပ်ဆင်းလာတဲ့ ရစ်။
အောက်ရောက်သည်နှင့် အလုပ်သမားတွေ
သူ့အလုပ်သူ ရှုပ်နေကြတဲ့ မီးဖိုခန်းမ
ထဲ သို့ ဝင်လိုက်ပြီး ဟင်းတွေ လိုက်မြည်း
နေတဲ့ ဒေါ်ပု နားကပ်ကာ ဆိုလိုက်သည်။

" ဒေါ်ပု ကျွန်တော်ဆန်ပြုတ် ပြုတ်ချင်တယ် ''

"ရပါတယ် သူဌေး..ကျွန်မ ပြုတ်ပေးပါ့မယ် ''

"မဟုတ်ဘူး..ဒေါ်ပု... ကျွန်တော့် ဟာကျွန်တော်
ပြုတ်မှာ..''

"ရှင် ''!!

ဒေါ်ပုအံသြစွာ သူဌေးကို မျက်လုံး
ပြူး၍ကြည့်လိုက်မိတော့သည်။
နားကြားများ မှားသွားဒါလား။
သူဌေးက မီးဖိုချောင် ကိုယ်တိုင်ဝင်တယ်တဲ့လေ။

ဒေါ်ပု နည်းသူ နှောင်းနှင့် အလုပ်သမား
များပါ အံသြမူ့အပြည့်ဖြင့် သူဌေး
ဖြစ်သူအား ကြည့်နေကြလေသည်။

" ကျွန်တော် မီးဖိုခန်း သုံးမှာမို့
လုပ်လက်စ အလုပ်တွေ ချပြီး
အားလုံး အပြင်မှာ ထွက်နေပေးကြပါ ''

"ဒါ..ဒါပေမဲ့ သူဌေး ''!!

"မစိုးရိမ် ပါနဲ့ ဒေါ်ပု...ကျွန်တော်
ကောင်းကောင်းကြီးချက်ပြုတ်တတ်ပါတယ် ''

ဒေါ်ပု ဘားမှ အထွဋ့် မတက်တော့ဘဲ
အလုပ်သမား တွေ ခေါ်ကာ မီးဖိုခန်း
ထဲမှ ထွက်လာလိုက်တော့သည်။

ေနှာင်းတစ်ယောက်ကတော့ အပြင်သာ
ထွက်လာရသည် ရင်ထဲတွင်တော့
မဖြေနိုင်သေးတဲ့ မေးခွန်းတွေဖြင့်။

အစောကြီးထပြီး သူဌေးအတွက် မနက်စာ
ပြင်ပေးတတ်တဲ့ သူဌေးလေးကို
မနေ့ကနဲ့ ဒီနေ့ မနက်အ​ေ​စာ​ကြီး မီးဖိုခန်းထဲမှာ
မတွေ့ရတော့သလို ဘယ်တော့မှ အလုပ်မပျက်
ဖူးတဲ့ သူဌေးကလည်း ဒီနေ့မှ ထူးထူးခြားခြား
အလုပ် ပိတ်ရက်မဟုတ်ဘဲ အလုပ်နားနေသည်။

ထို့အတူ မနက်စာ မုန့် ပြင်ပြီး အောက်မှာ
သူတို့တွေ စောင့်နေကြပေမဲ့ တစ်ယောက်မှ
အပေါ်က ဆင်းမလာဘဲ ခု နေလယ်ရောက်
မှသာ သူဌေး တစ်ယောက် ဆင်းလာသည်။
ဆင်းဆင်း လာခြင်း သူဌေးရဲ့ အလုပ်ကလည်း
ဆန်းပြုတ်ကို ကိုယ်တိုင်ပြုတ်သည့်အလုပ်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Donde viven las historias. Descúbrelo ahora