ရစ်အိမ်ပြန်ရောက်ရောက်ခြင်း တစ်အိမ်လုံးကို
စတင်တောင်းကြမ်းတော့သည်။"မင်းတို့ကို ငါဖုန်းဆက်ထားဒယ်မလား??လွမ်း
နေမကောင်းဘူး အလုပ်တွေကို ကူလုပ်ပေးဖို့ ''ရစ် ဆူတော့ ဦးဘသောင်းကော အိမ်တော်ထိန်း
ကြီးပါ ခေါင်းငိုက်စိုက်ကျကုန်တော့သည်။
ကုတင်ပေါ်မှာချွေးသံတစ်ရဲရဲ နဲ့ မေ့နေတဲ့
ကောင်လေးကို မြင်လိုက်တိုင်း တစ်အိမ်လုံးက အိမ်ဖော်
တွေကိုသာသတ်ပစ် ခြင်စိတ်က တစ်ဖွားဖွားရယ်။အေမ လွမ်းနေမကောင်းတဲ့အကြောင်း ဖုန်းဆက်ခဲ့တုန်း
ကရစ် ဒီအတိုင်းပစ်ခဲ့မလို့ တွေးခဲ့တယ်။သေခြာပြန်စဉ်
စားမိပြန်တော့ အဲ့လောက်ထိ သူ့နှလုံးသားက မရက်စက်နိုင်လို့ ဦးဘသောင်းကို ဖုန်းဆက်ပြီး
အိမ်ဖော်တွေကို အလုပ်ကူလုပ်ပေးဖို့ ပြောခဲ့သည်။သူ့ခွင့်ပြုချက်ရခဲ့တယ် ဆိုတာတော့ မပြောခိုင်းခဲ့။
" ငါမေးနေတယ်လေ ဖုန်းဆက်ခဲ့တယ်မလားလို့ '
ဒေါသသံအပြည့်နဲ့ သူဌေး အော်လိုက်၍ အားလုံး
လန့်ကာ ခန္ဓာကိုယ်တွေပါ တုန်တက်ကုန်ကြသည်။
အကြောက်လွန်နေကြတဲ့ အလုပ်သမားတွေအခြေအနေ
ကြောင့် ဦးဘသောင်းမှ ပြန်ဖြေလိုက်လေ၏။" ဆက်ခဲ့ပါ သူဌေး ''
"ဒါဆိုပါလို့ ငါ့အမိန့်ကို မနာခံကြတာလဲ
ဟမ်!!''ထပ်မံအော်ချလိုက်တဲ့ သူဌေး။အလုပ်သမား
တွေလည်း မျက်ရည်အဝိုင်းသားတွေ ဖြစ်ကုန်ကြလေပြီ။"ဦးလေးတို့ လုပ်ကူဖို့ကြိုးစားပါတယ် သူဌေး
ဒါပေမဲ့ သူဌေးလေးက မလုပ်ခိုင်းခဲ့ပါဘူး ''"ဘာ!! သူကဘာလို့ မလုပ်ခိုင်းရတာလည်း ''
"သူဌေးဘဲ ဘယ်သူမှ မလုပ်ကူရဘူးလို့ ကြိုပြော
သွားတော့ သူဌေးလေး လည်း သူဌေး စိတ်ဆိုးမှာ
စိုးပြီး ဘယ်အလုပ်သမားကိုမှ မထိခိုင်းခဲ့တာပါ
ဒါကြောင့် ကျွန်တော်တို့လည်း.... ''"တော်တော့! !''
ဒီလောက်ထိ ပင်ပန်းနေတာတောင် သူ့အမိန့်ကို
တစ်သွေးမသိမ်းနားထောင်လွန်းနေတဲ့ ကောင်။
ငါဒီလောက် ရက်စက်တာတောင် မင်းကအပြုံးမပျက်ဘူး
နော်။