Part-28

4K 137 13
                                    


Unicode

Part-28

မနက်လင်းလို့ ရစ် နိုးလာတော့ နံနက် 6နာရီ
ထိုးနေလေပြီ။ အရင်ကဆို သူတောင်မသိဘဲ
ထတတ်တဲ့ ခလေးငယ်ကတော့ သူ့ရင်ခွင်ထဲမှာ
အခုထိ အိပ်စက်နေတုန်း။

ဆံနွယ်တွေ ရစ်ဝဲ ကျနေတဲ့ နဖူးပြင်လေးထံ
အနမ်းတစ်ချက်ပေးလိုက်တော့.

" အင်း...ဟင်း..''

ဆိုတဲ့ ညည်းညူသဲလေးနဲ့ အတူ လှုပ်လှုပ်ရွရွ
ဖြစ်လာသည်။ ဒီအတိုင်း ကြည့်နေရင်းမှ
လွမ်းငယ် ပုံစံလေးကြောင့် အသည်းတစ်ယားယား
ဖြစ်လာ ရသည်။

" ပြွတ် ''!!

နောက်တစ်ကြိမ် ထပ်နမ်းလိုက်တော့
မျက်မှောင်လေး ကုတ်သွားရှာတဲ့
ကောင်လေး။ သူအိပ်​နေတာ နှောက်ယှက်ခံ
ရလို့ အလိုမကျ ဖြစ်သွားတဲ့ပုံ။

" လွမ်းငယ်လေး...ထတော့...မိုးလင်းနေပြီ
လွမ်းငယ်လို့...ကိုယ့်ရဲ့လွမ်းငယ် ထတော့ ''

ဖက်ထားတဲ့ ခါးလေးကို အနည်းငယ် ခါယမ်း
ပြီး နိုးလိုက်တော့...မဖွင့်ချင်ဖွင်ချင် မျက်ဝန်း
တွေနဲ့ မော့ကြည့်လာသည်။

" အိပ်ချင်သေးတယ်...''

"ဟက်....အဆိုးလေး....မိုးလင်းနေပြီလေ
ထတော့မအိပ်နဲ့တော့...''

"ငါးမီနစ်...ငါးမီးနစ်ဘဲနော်..
လွမ်း တစ်ကယ် အိပ်ရေးမဝသေးလို့ပါ ''

" အစောကြီးအိပ်တဲ့ ကိုယ့်လွမ်းငယ်က
အိပ်ရေးမဝဘူးပေါ့လေ...လုပ်ပါ
မအိပ်နဲ့တော့...ကိုယ် အလုပ်သွားရ
အုန်းမယ်...ကိုယ့်ကို ကူမပြင်ပေးတော့ဘူးလား''

"ဟင့်အင်း...အခုပြင်ကူမယ် ''

လူပ်ခြင်တာ မလုက်ရလို့ စူအောင့်နေတဲ့
ခလေးလို အိပ်ယာက ထလိုက်ပြီး
သူ့ကိုတောင် မစောင့်ဘဲ ရေချိုးခန်းထဲ
ဝင်သွားတဲ့ သူ့ရဲ့ယောကျာ်ဗိုက်ဗိုက် လေး။

သူ့မှာ ဗိုက်ရှိနေမှန်း ရစ်သိပေမဲ့။
သူသိနေတဲ့အကြောင်း.လွမ်းငယ်ကို
ပြောမပြရသေးဘူး။

လွမ်းငယ် ကိုယ်တိုင် နှုတ်က ထုတ်ပြောတာကို
လိုချင်လို့...ထုတ်​ပြောမဲ့ နေ့ကို
စောင့်နေခဲ့တာ။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now