part-17 🔞🔞

5.2K 144 1
                                    


Unicode

ဆက် အလုပ်ပြီးလို့ အိမ်ပြန်ဖို့ပြင်ကာ
ဆေးရုံ အပြင် ထွက်တော့ ည 8နာရီခန့်
ရှိနေပြီ။

အမြဲ သူလွယ်နေကြ ဘေးအိတ် ​​ကြိုး
အရှည် အမဲ ေလးထဲကဖုန်းထုတ်
လိုက်ပြီး အိမ်ပြန်ဖို့ ရစ်ကို
ကား လွှတ်ပေးရန် ဖုန်းဆက်မည်အလုပ်
သူ့ ပုခုံးသားထံ ထိတွေ့လာတဲ့
လက်တစ်စုံကြောင့် လှည့်ကြည့်လိုက်ချိန်။

" ဘုတ် ''!! ဆိုတဲ့ ​​ြမည်သံ နဲ့အတူ
ကြမ်းတမ်းစွာ ဇတ်ပိုး အရိုက်ခံလိုက်ရသည်။
ဘယ်သူ ဝင်ရိုက်လိုက်မှန်း မသိလိုက်ချိန်မှာဘဲ
သူ့ မျက်ဝန်းတွေ ပိတ် သွားပြီး လောကကြီးနဲ့
ခဏသာ အဆက် အသွယ်ပြတ်သွားတော့သည်။

" အ့....ကျစ်..''!!

ဆက် အရိုက်ခံလိုက်ရတဲ့ ဇက်ပိုးကို
ကိုင်ပြီး ပြန်နိုးလာတော့ သူ့အခြေအနေသူ
ချက်ခြင်း သတိရလိုက်ကာ မျက်လုံးဖွင့်ကြည့်
လိုက်တော့ သူရောက်နေတဲ့ ပတ်ဝန်းကျင်ကြောင့်
မျက်လုံးပြူးသွားရသည်။

သူရောက်နေတာက ကျဥ်းမြောင်းလှတဲ့ အခန်းငယ်
လေးထဲ။ ထိုအခန်းလေးကိုလည်း ဝါးများဖြင့်
ပြုလှုပ်ထားပြီး အိုဟောင်းနေသရောင်လည်း
ရှိသည်။ သူ့အိပ်ယာအောက်တွင် ပါးလွှာတဲ့
အနီရောင် အိပ်ယာခင်းလေး တစ်ထည်သာ
ခင်ထားသလို သူ့နံဘေး တွင်လည်း ပါးလွှားတဲ့
ကိုးရီးယား စောင်ပါးလေးတစ်ထည်က
ထို အိပ်ယာခင်းပေါ်မှာ ပိုးတိုးပက်လက်
ရှိနေပြန်၏။

ညက သူ့ကို ဖမ်းခဲ့တဲ့ ဟိုလူ
သူ့နံဘေးမှာ အိတ်ခဲ့တယ်ဆိုတာ ထို စောင်ပါးလေးက
သက်သေပင်။

ဘယ်ရောက်နေမှန်း သူမသိလိုက်သေးစဥ်
" ကျွိ ''!!ဆိုတဲ့ တံခါးဖွင့် သံကြောင့်
ဝါးများဖြင့် ပြုလုပ်ထားတဲ့ အသံလာရာ
တံခါးပေါက်ထံ ကြည့်လိုက်တော့ ဝင်လာတဲ့
လူတစ်ယောက် ​ကြောင့်
မျက်မှောင်ကျုတ်ကာသူဆိုလိုက်သည်။

" မောင်သစ် ''

သူ့ကို ဖမ်းထားတဲ့ လူက
မောင်းသစ် မှန်းလဲ သိလိုက်ချိန်။ ခုဏက တစ်ခဏ
သာ ဖြစ်ပေါ်မိတဲ့ ​ကြောက်စိတ်
ေပျာက်ခြင်းမလှ ပျောက် သွားပြီး
ထို ကြောက်စိတ်တွေ နေရာ ဒေါသ တို့
ဝင်ရောက်လာကာ စပ်ဖြီးဖြီး ပုံစံ နဲ့
အထဲ ဝင်လာတဲ့ ကောင်စုတ်ကို
နံဘေး က ပြန့်ကျဲနေတဲ့ စောင်းပါး
ဖြင့် လုံးထွေးကာ ပြစ်ပေါက်လိုက်တော့
ကျွမ်းကျင်စွာ ရှောင်ဖယ် သွားပြီး
သူ့ကို ကြည့်ကာ ရယ် ကျဲကျဲဖြင့် ဆိုလာ၏။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now