UnicodePart-45
" လွမ်း ကလေးလေး စားရတာ
အဆင်မပြေဘူးလား....''" ဟင့်အင်း...ကိုကို...လွမ်းမစားတော့လို့ရမလား''
လွမ်းစားနေတဲ့ပန်းကန်ကို ကြည့်လိုက်ပြီး
ရစ် မျက်မှောင်ကြုတ်လိုက်သည်။
ထမင်းပန်းကန်မှာ ထမင်းက နှစ်ဇွန်းစာ
လောက်ဘဲ ကော်ထားပြီးမစားတော့လို့
ရမလားတဲ့..။ဘယ်ဖြစ်မလဲ
ကိုယ်ဝန်သည်ဆိုတာအားရှိနေမှ ။" မရဘူး..လွမ်းငယ်..နည်းနည်း
ထပ်စားရမယ်..စားထားဒါမှ
နှစ်ဇွန်စာလေးကို...တော်ကြာ
လွမ်းအားနည်းပြီးနေမကောင်းဖြစ်
နေမှဖြင့်..ကိုယ်ဘဲရင်ကျိုးရပြန်မှာ...''" အင့်...ဒါဆိုလည်း..ကိုကိုခွန့်ကျွေး
လွမ်း..ဇွန်မကိုင်ချင်တော့ဘူးပြင်းတယ်..
ပြီးတော့ ဒီငါးဟင်းကောဘဲ
အရိုးနွာ ပြင်းတယ် ''နှုတ်ခမ်းလေးကို ဗိုက်ကလေးလို
စူပြီး ပြောနေတဲ့အသည်းအသက်လေးကြောင့်
ရစ်နစ်ချိုက်အောင်ပြုံးလိုက်သည်။ဒါပေါ့...ကျွန်တော့ကလေးလေးကို
ခွန့်ကျွေးရမှာပေါ့။" ကျွေးရမှာပေါ့..ကိုယ့်ပေါင်ပေါ်
ထိုင်အုံးမလား...''" ဟီး...အဆင်ပြေသွားဒါပေါ့..''
ဟက်..ဖိုးလယ်လေး။ ဗိုက်ကလေးက..
ကလေးလေး လုပ်နေပြန်တယ်။
အသည်းယားလွန်းလို့ ကိုက်စားပစ်အလိုက်
ခြင်တယ်။ပေါင်ပေါ်ကို သေသေခြာခြာလေး ထိုင်းေစ
လိုက်ပြီး ကြီးပုကို အနောက်ဖေးက
ရေယူခိုင်းလိုက်သည်။ရေနဲ့လက်ဆေးပြီးငါးအရိုးကို
သေးသေးမျှင်မျှင်လေးမှမကျန်အောင်နွာ
ပေးပြီး...ကိုယ့်ကလေးလေး ထမင်းစား
ဝင်အောင် ကျွေးနေရသည်။သူကျွေးတာကိုအားရပါးရစားနေတာကြည့်ပြီး
ကျေနပ်ရပြန်သည်။ဒါကိုတော့..
ချစ်မြတ်နိုးတတ်သူတိုင်းခံစားဖူးမှာပါ။အနောက်ကနေ သိမ်းစရာရှိတာတွေ သိမ်းပြီး
ထွက်လာတဲ့နှောင်း...။
ထမင်းစားပွဲကအခြေအနေကြောင့်
အလိုမကျ ဖြစ်သွားသည်။လုပ်ပြန်ပြီ။ မနက်ကလည်း..
သူဌေးလေးကို ထမင်းကျွေးပြီး
ကိုယ်တိုင်ကျ ဘားတစ်ခုမှမစားထားဘူး။
ညနေစာများစားမလားအောင်းမေ့တယ်
ဗိုက်ကြီးနဲ့ကလေးပေါက်ကိုပေါင်ပေါ်
တင်ပြီး..ထမင်းခွန့်နေပြန်ပြီ။ ပြီးကျ
သူစားတော့မှာမဟုတ်ဘူး။