part-19

4.3K 158 3
                                    

Unicode

Part-19

တစ်ဝက်တောင်မချိုးသေးတဲ့ စပွဲပေါ်က
ဆန်ပြုတ်ပန်းဂံ လေးက ဇွန်းတပ်ရက်နှင့်
စားသောက်မဲ့လူမရှိ။ သူ တစ်ပန်းဂံ
ထည်းသာ ရှိနေသည်။

* လွမ်း ဆန်ပြုတ်ကို ကုန်အောင် မသောက်သွား
ဘူးဘဲ *

" ဒေါ်ပု ''

"ရှင်...သူဌေး''

စပွဲပေါ်က ဆန်ပြုတ် ပန်းဂံကို
တွေတွေကြီး ငေးကြည့်ရင်း ေလသံမာမာ
နှင့် ကြီးပုကို အော်လိုက်သည်။

" လွမ်း ဘယ်အချိန်က အပေါ်ပြန်တက်
သွားဒါလည်း ''

"ရှင်...ဟို..ဟို ကျွန်မ မသိလိုက်ဘူး
သူဌေး ''

"တောက်''!!

"ခများတို့ သိတာ ဘာရှိလည်း....အခု ဒီပန်ဂံကို
သိမ်းလိုက်တော့ ''

သူ့အမိန့် အတိုင်း စပွဲပေါ်က ပန်းဂံကို
ဒေါ်ပု ယူကာ အနားက ထွက်သွားလေသည်။

" လွမ်း...ဒီမှာ ဘာလုပ်နေတာလည်း ''??

" ဟင်..ကိုကို ''

ကိုကို ထပ်ပြီး မုန်းသွားမှာ ကြောက်စိတ်နဲ့
လွမ်း အပေါ်ထပ် ပြေးတက်ကာ
အရူးဆန်တဲ့ လုပ်ရပ်တစ်ခုကို
လုပ်နေမိသည်။
ထိုလုပ်ရပ်ကတော့..ဗုဒ္ဓဘာသာ မြန်မာ
လူမျိုးတွေရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခု။
ဘုရားစဥ်အရှ့မှာ ဆုတောင်းခန်း
ဖွင့်တာဘဲ။

လက်အုပ်လေးချီကာဘုရားခန်းရှေ့ ကျုံ့ကျုံလေးထိုင်ပြီး ငိုနေတဲ့ လွမ်း
အနောက် သူရပ်လိုက်တော့
မျက်ဝန်းအိမ်က ပြည့်လျံနေတဲ့
အရည်ကြည်တွေနဲ့ မော့ ကြည့်လာတဲ့
ကောင်လေးက သူ့ဆီကတစ်ခုခုကို အသနားခံနေသလို။

" ထတော့...ထိုင်နေတာ ကြာရင်
ခြေထောက်တွေ ထုံနေလိမ့်မယ် ''

သူဆွဲထူရာ အတိုင်း မျက်နှာငယ်လေးနှင့်
ပါလာတဲ့ ကလေးငယ်က
ရှိုက်သံ အက်အက်ကလေးတွေပါ
ေရာယှက်လို့။

" ဘာလို့ အရမ်းတွေ ငိုနေတာလည်း
ကိုယ်လည်း ဘားမှ မလုပ်ရဘဲနဲ့
ဟင်....တိတ်တော့နော်..မငိုနဲ့တော့
လာ..ကိုယ်နဲ့အတူ အောက်ထပ်မှာ
မနက်စာ သွားပြန်စားရအောင်..
ဆန်ပြုတ်လည်း ကုန်အောင် မသောက်ခဲ့တော့
ဗိုက်မဝသေးဘူး ဆိုတာ ကိုယ်သိတယ် ''

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Onde histórias criam vida. Descubra agora