UnicodePart-26
နေမင်းရဲ့အလင်းရောင် နွေးနွေးက ဖွင့်ဟထားတဲ့
ပုတင်းပေါက်ကနေ တစ်ဆင့် စောင်ပုံထဲ
ကွေးအိပ်နေသူ လွမ်းမျက်နှာပေါ်ကျရောက်လာ
လေသည်။လွမ်း အိပ်ရာက နိုးတော့ ခုံပေါ်တင်ထား
တဲ့ နာရီ ဝိုင်းလေးကို ယူကြည့်လိုက်သည်။
အချိန်က...ရှစ်နာရီ။ လွမ်း ဒီနေ့ အိပ်လိုက်တာ
ရှစ်နာရီ ထိုးတဲ့အထိ တစ်ရေးမှကို မနိုးလိုက်ဘူး။ကုတင်ပေါ်က ဆင်ပြီး ေရချိုးခန်းထဲဝင်
ရေချိုးလိုက်ပြီး အဝတ်ဝတ်ဖို့ မှန်ဘီယိုအဖွင့်
ပန်းနုရောင် ပုဆိုးလေးနဲ့ ပန်းနုရောင်
အကျီ် လေးအပေါ် အဝါရောင် စာရွက်လေးနဲ့
ခေါက်တင်ထားတဲ့ စာလေးတစ်စောင်။"ကိုယ့်ရဲ့လွမ်းငယ်.......
ဒါလေးဝတ်ပြီးဆင်းခဲ့နော်''လွမ်း စာလေးကို ဖတ်ပြီး ပြုံးလိုက်သည်။
ထို့နောက်...ကိုကို ပြင်ထားပေးတဲ့ အဝတ်ကို
ဝတ်ဆင်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ
အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။အောက်ရောက်တော့..ဧည့်ခန်းမှာ စမတ်ကျကျ
ထိုင်စောင့်နေတဲ့ ကိုကို။သူလည်း လွမ်းလို အပြာနုရောင် ပုဆိုးနဲ့အကျီ်
ကို သေ သတ်စွာ ဝတ်ဆင်ထားသည်။" ကိုကို...''
"လွမ်းငယ်က...ဒီပုံစံလေးနဲ့ အရမ်းလှတယ် ''
"ဟာ..ကိုကို ကလည်း ''
ရှက်ရိပ်ဖြာသွားတဲ့ လွမ်းငယ် မျက်နှာရဲ
လေးကို ကြည့်ပြီး ရစ်ပြုံးလိုက်သည်။
နုဖတ်ပြီး အိစက်နေတဲ့ လက်သားမို့မို့လေးကို
ရစ် ဆုတ်ကိုင်လိုက်တော့ ချိုမြန်တဲ့
အပြုံးလေးနဲ့ အကြည့်ခြင်းဆုံလာသည်။" ကိုယ်တို့ သွားကြစို့ ''
"ဟုတ် ''
လွမ်းငယ် လက်ကို ဆွဲပြီး ဦးဘသောင်း
စောင့်နေတဲ့ ကားရှိရာကို လာကာ..
ကားပေါ်တက်လိုက်တော့ ကားစက်နိုးသံနဲ့
အတူ ခြံဝန်းကျယ်ကြီးထဲက
ထွက်ခွာလာလေသည်။ကိုကို့ ခြံလောက်မရှိပေမဲ့ ပန်းရောင်စုံတွေ
စိုက်ပျိုးထားပြီး နှစ်ထပ်တိုက်လေးထဲသို့
ကားဝင် သွားတော့ လှပတဲ့
ပန်းတွေကို လွမ်းငေးမောကြည့်နေမိသည်မှာ
တစ်မေ့ တစ်မောပင်။