Part-49

3.5K 128 0
                                    

Unicode

Part-49

ရောင်နီတွေ တစ်ဖြိုးဖြိုးထွက်လာနေတဲ့
ကောင်းကင်ကြီးကို မော့ကြည်ပြီး
နံနက်ခင်းရဲ့ အလှကို ရူမြင်ခံစား
နေတဲ့ ဗိုက်လုံးလုံးလေးနဲ့
ကောင်လေးတစ်ယောက်။

မရှင်းရသေးလို့ရှုပ်ပွနေတဲ့ဆံပင်  ။ရှည်ပြီးကော့တက်နေတဲ့ မျက်တောင်။
​ပုံပှန်ထက် ဖောင်တက်နေတဲ့
ပန်းသွေးရောင်ရောနေတဲ့ပါး။
ကကြီးပုံသဏ္ဍာန် နဲ့ နီနေတဲ့ နှုတ်ခမ်းပါး။

နေမင်းရဲ့ အလင်ရောင်ခြည်အောက်မှာ
တောက်ပစွာပေါ်လွင်နေသည်။

ဒီနေ့မှ လွမ်းအစောကြီးနိုးနေမိသည်။
ဒီနေ့က ကိုကိုပြန်လာမဲ့နေ့မို့ထင်တယ်။
တစ်ပတ်လောက်ခွဲနေခဲ့ရတော့
လွမ်းတဲ့စိတ်ကြောင့်အစောကြီး
ထနေမိတာလား မသိတော့ဘူး။

ပုံမှန်အတိုင်းဆို လွမ်း ကိုကို
ခရီးသွားမှာကို ကလေးတစ်ယောက်လို
ရင်ခွင်ထဲဝင် ပစ်ချွဲပြီးမသွားဖို့တားမိမှာ။

ကိုယ်ဝန်ဆောင်သည်တွေကမွေးခါနီးလေ
သက်ဆိုင်သူကိုအနားမှာရှိစေခြင်ကြ
တာ ။ လွမ်းလည်း
အဲ့အထဲကတစ်ယောက် ပါဘဲ။

မွေးခါမနီးခင်တုန်းကတောင်
ကိုကို ကိုအလုပ်မသွားစေခြင်တာ။
မွေးခါနီးပြီဖြစ်တဲ့အချိန်ဆို
ပိုဆိုးပေါ့။ သို့သော်လည်း
ဒီတစ်ကြိမ်တော့ လွမ်း ကိုကိုခရီးသွား
ဒါကို မသွားဖို့မတားလိုက်မိတဲ့အပြင်
လိုလိုလားလားကို..သွားခိုင်းခဲ့တယ်။

အကြောင်းကတော့..မောင်သစ်
ညီမလေးကြောင့်။ မောင်သစ်ညီမလေးက
ခုဆို..စေတနာ့ဝန်ထမ်းလေးတစ်ယောက်
လုပ်နေပြီလေ။

မြို့နဲ့အတော်လေးဝေးတဲ့နယ်မြို့လေး
တစ်ခုမှာအလုပ်ဝင်နေတာလပိုင်တောင်
ကြာခဲ့ပြီ။ ဘွဲ့မရသေးပေမဲ့​ေစတနာ
မြင့်မြတ်လွန်းတဲ့ ကောင်မလေးခမျာ
နေရေးစားရေးခက်ခဲ့တဲ့မြို့လေးကိုမှ
ရွှေးပြီးပညာရေးဒါန သွားပြု
လုပ်ပေးရှာတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့
အကြောင်းအရာတစ်ခုကြောင့်
သူမ..မြို့ကိုရောက်လာခဲ့တယ်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now