Unicode
Part-32
စိတ်မကြည်ပါဘူး ဆိုတဲ့ ဒီနေ့မှ
ခွဲလူနာတွေက တန်းစီလို့။ခွဲစရာရှိတဲ့ လူနာတွေ ခွဲ လို့ ပြီးချိန်မှာတော့
ညနေ 3နာရီတောင် ထိုးနေပြီ။
ဒါပေမဲ့ ကျွန်တော့လို ဆရာဝန်တစ်ယောက်
အတွက်တော့ နားချိန်မရှိဘူး။လူနာတွေ ကြည့်စရာရှိသေးတာနဲ့
လူနာဆောင်ဘက် သူနာပြု
ဆရာမလေးတွေနဲ့အတူ
နောက်ထပ် ဆရာဝန် နှစ်ယောက်နဲ့
ထွက်လာခဲ့လိုက်သည်။ကျွန်တော့ စိတ်တွေ ဘယ်လောက်ဘဲ
မွန်းကြပ်နေပါစေ..လူနာတွေ အရှေ့မှာ
တော့ ကျွန်တော် ပြုံးနိုင်အောင် ကြိုးစား
ပြီး နေခဲ့တယ်။" ဒေါက်တာ...ပစ္စည်းရောက်တယ်..''
"ဟင်..''
အလုပ်ကူ ဆရာမလေးတစ်ယောက်ရဲ့
လက်ထဲကပါဆယ်ဘူးကြောင်
ကြောင်သွားရသည်။ဘာပစ္စည်းမှ ကျွန်တော်မမှာထားဘူးလေ။
ဘူး..ကိုလမ်းယူလိုက်ပြီး
စစ်ဆေးစရာ လူနာအရေအတွက် ကြည့်
လိုက်တော့..ငါးယောက်လောက်သာ
ကျန်နေသည့် အတွက် ကျန်ဆရာဝန်များနဲ့သာ
အပ်ထားပြီး..နားနေခန်းဘဲ..ထွက်လာခဲ့သည်။အခန်းထဲရောက်လို့ ပါဆယ်ဘူးကို
ကပ်ကြေး တစ်ချောင်းနဲ့ ဖောက်ပြီး
ဖွင့်လိုက်ချိန်...အထဲမှာ အဝါရောင် စက္ကူ
အိပ်ကလေးနဲ့ ခေါက်ပြီးထည့်ထားတဲ့
စာရွက်အိပ်လေး။အိပ်ကို ထုတ်ပြီး အပြင်ဘက်မှာ
ရေးထားတဲ့ စာကို ဖတ်လိုက်တော့..အဂ်လိပ်စကား
လုံးများနဲ့ ရေသားထားတဲ့ အဓိပ္ပါယ်က
ဆေးရုံတစ်ခုရဲ့ နာမ်မည် ဖြစ်နေသည်။" ဒါ..ဘန်ကောက်က ပို့လိုက်တဲ့
စာရွက်တွေဘဲ...ဒေါက်တာရိုစ့်
ဆီက.......''စာရွက်တွေကို သေခြာ ဖွင့်ဖောက်ကြည့်ပြီး
သက်ပြင်း ငွေ့ငွေ့ ချလိုက်သည်။ထို့နာက်
ဆရာဝန် ကုဒ်ကို ချွတ်ပြီး.အနက်ရောင်
အပေါ်ကုဒ် ကို ယူကာ
စာရွက်စာတန်းတွေနဲ့အတူ
ရစ် ရဲ့ ကုမ္ပဏီ ကို ထွက်လာခဲ့လိုက်သည်။" အကို..ပင်ပန်းသွားပြီလား..
ကျွန်တော် ရေအေးအေးခပ်လာပေးတယ်
သောက်လိုက်အုန်း..''