အခန်းထဲ အပြေးအလွှားဝင်လာတဲ့
လူနှစ်ယောက်ကြောင့် လွမ်းမှာ
အိပ်ယာကပင် ထထိုင်လိုက်ရလေသည်။" ကိုကို နဲ့ ဒေါက်တာ..
ဘာဖြစ်လာကြတာလဲ ဗျ ''"လွမ်းစေတည် ''
ကိုကိုရဲ့ လေသံမာမာနဲ့ အခေါ်ကြောင့်
လွမ်းမှာ ခန္ဓာကိုယ်လေးပါတောင့်တင်း
သွားရ၏။ကိုကို ဘာဖြစ်လာတာလဲ။
" ရစ်..မင့်လေသံလျော့ ''
လွမ်းအိပ်ယာပေါ်ဝင်ထိုင်လာတဲ့ ဒေါက်တာဆက်
ကြောင့် ကိုကို ရဲ့ ဒေါသအကြည့်တွေ လွမ်းအပေါ်က
အနည်းငယ်လျှော့ကျသွားလေသည်။" ဒေါက်တာ.. ''
"လွမ်းလေး...မျက်နှာတွေ ဖြူဖတ်နေတာဘဲ
နေလို့ ထိုင်လို့ကောင်းရဲ့လား ''"လွမ်း ဘားမှ မဖြစ်ပါဘူး ဒေါက်တာ ''
လွမ်းတကယ်လဲ ဘယးမှမဖြစ်ဘူး။ မျက်နှာက
ဘာလို့ ဖြူနေတာလဲ လည်း လွမ်းမသိဘူး။" သေခြာရဲ့လား လွမ်း..အကိုက ဒေါက်တာ
ဆိုတာမမေ့နဲ့နော် အကို အကုန်သိတယ် ''ဒေါက်တာစကားကြောင့် လွမ်းမျက်ခုံးပင့်တက်
သွားပြီး နံဘေးမှာ ရပ်ကြည့်နေတဲ့ ကိုကို့
ကို ကြည့်လိုက်မိသည်။" ဒေါက်တာ လွမ်းက.....''
"အကို နားလယ်တယ်လွမ်း...
ကိုယ့်ကို ကိုတော့ဂရုစိုက်ပါနော်
လွမ်း အခြေအနေက အချိန်မရွှေး ဆိုးဝါးသွား
နိုင်တာ သိတယ်မလား ''"လွမ်းသိပါတယ် ဒေါက်တာ ''
" နေပါကြအုန်း.. လွမ်းစေတည်က
အခု ဘာရောဂါ ဖြစ်နေလို့လဲ''လွမ်း ဘာဖြစ်နေမှန်း မသိတဲ့ကိုကို.။လွမ်းနဲ့
ဒေါက်တာ စကားအဓိပ္ပါယ်ကို နားမလယ်တော့၍
မေးလာခြင်း ဖြစ်လိမ့်မည်။ကိုကို့ အမေးကို လွမ်းမဖြေခြင်။ ဒေါက်တာ
သည်လည်း လွမ်း အခက်အခဲကို ရိပ်မိသည့်
နှယ် ကိုကိုအား အပြင်သို့ မောင်းထုတ်တော့၏။" ပြောရင်လဲ မင်းမသိဘူး ရစ်...
ငါ လွမ်းကို စစ်ဆေးစရာရှိတယ် မင်း အပြင်
ထွက်နေပေး ''