Part-23

4.3K 153 2
                                    


Unicode

Part-23

ထွက်ပြေးတာ မအောင်မြင်လိုက်တဲ့ကိုကို။
ကျွန်တော် အခန်းတံခါး သော့ပြန်ခတ်ထားတော့
တောင်းကြမ်းနေသည်မှာ တစ်ဘိန်းဘိန်း
တစ်ဘန်းဘန်းနှင့်။

" သူတောင်းစား..ခွေးရူး  ..ငါ့ကိုလွှတ်ပေး''

"အားးးး.....လွတ်ပေးစမ်း ငါ့ကို ''

" ဒုန်း...ဒုန်း...''

" ဟက်....''!!

အခန်းထဲက အသံတွေကို နားထောင်းရင်း
သူ့ကို ကျိန်ဆဲနေတဲ့ ကိုကို​့ စကားတွေ
ကြောင့် မောင်သစ်...ဟက်...ခနဲ ရယ်ချ
လိုက်သည်။

တော်တော်ဆိုးတဲ့ ကိုကို။

" ခွေးကောင်...ငါပြောတာကြားလား
ငါ့မှာ လူနာတွေ ရှိသေးတယ် ငါ့ကို
ပြန်လွှတ်ပေး  ''

"ဆရာဝန်ဘဲ လူနာရှိတာ မဆန်းပါဘူး..
ကျွန်တော်သိတာပေါ့  ''

"သိရင် လွတ်ပေးလေ...
ဘာလို့ ဖမ်းထားသေးလဲ ''

"လူနာတွေကို ကြည့်မဲ့ ဆရာဝန်တွေရှိသေးလို့လေ
မလွတ်ပေးတာ...ကိုကို ကျွန်တော့်ကို
လက်မထပ်် မခြင် ဒီထဲက လွတ်ဖို့
စိတ်မကူးနဲ့...

ကျွန်တော် ဆက်ပြီးသော့ခတ်ထားအုန်းမှာဘဲ''

"လက်ထပ်ရမယ် ''

" အင်..လက်ထပ်ရမှာ ''

" ဟက်....သေတောင် နင့်လိုကောင်ကို
ငါလက်ထပ်မှာမဟုတ်ဘူး...ပြန်ပေးသမားရဲ့
ငါ့ဘဝရဲ့ လက်တွဲဖော်က ငါ့မြတ်နိုးတဲ့
ငါ့ချစ်သူဘဲ ''

"ဟားဟား...ကိုကို အရူးဘဲ
အဲ့ဟာမက... ​နောက်သုံးရက်
ဆိုရင်တောင်
မဂ်လာ ဆောင်တော့မှာ.. ကိုကိုက
လင်ငယ်လုပ်ရင်လုပ်ဘဲ ''

"ဘာ.''!!

ကျွန်တော့စကားကြောင့် လန့်သွားတဲ့
ကိုကို့ အသံက အရင်ကထက် ပိုကျယ်လှောင်
လို့။

" မင်း... ငါ့ချစ်သူ အကြောင်း မဟုတ်ဘဲ
လာမပြောနဲ့ ငါယုံမှာ မဟုတ်ဘူး ''

"ယုံတာ မယုံသာ ကိုကို့အပိုင်း
အဲ့ဟာမ လက်ထပ်တော့မဲ့ အမှန်တရားက
အမှန်တရားဘဲ... ''

ဆက်..ဘယ်လိုမှ မယုံကြည်နိုင်။
သူ အဖမ်းခံရတာမှ 1ပတ်မပြည့်သေးဘူး။
ချစ်မြတ်နိုးရသူက လက်ထပ်တော့မည်တဲ့လား။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)حيث تعيش القصص. اكتشف الآن