Part-25

4.5K 149 14
                                    


Unicode

Par-25

" ဟို သူတောင်းစား ဘယ်မှာလည်း ''

လို့ ဆက်မေးလိုက်တော့ ရယ်နေတဲ့ မျက်နှာကို
ချက်ခြင်း တည်လိုက်ပြီး ကျောပေးထားရာ
အနောက်ဘက်ကို မျက်စပ် ပစ်ပြလာ၏။

ဆက် မျက်ခုံး တစ်ချက်တွန့်ပြီး
နောက်လှည့် ကြည့်လိုက်တော့။

" အမေ့ ''!!

ေရာင်ကိုင်းနေတဲ့ မျက်နှာနဲ့
သူ့အနောက်မှာ ရပ်နေတဲ့ မောင်သစ်ကြောင့်
ဆက်မှာ မျက်လုံးပြူး၍ လိပ်ပြာ
လွင့်မတတ် လန့်သွားရပြီး အနားနားကပ်
ရပ်နေတဲ့ မောင်သစ်ကို ဆဲတော့သည်။

" ခွေးသူတောင်းစား...အဲ့လောက်ကပ်ပြီး
ရပ်နေစရာလား...ငါလိပ်ပြာလွင့်ပြီး
သေ သွားလို့ကတော့ မင်းတို့လွတ်လွတ်လပ်လပ်
နေရမယ်မထင်နဲ့ ငါလိုက်ခြောက်မှာ
ဘာမှတ်နေလည်း ''

ကိုကို​့ ရဲ့ ခလေးဆန်တဲ့ စကား​​​ကြောင့်
အထိုးခံထားရလို့ နာနေတဲ့ ကြားက
ေမာင်သစ် ရယ်လိုက်ရသေးသည်။
နံဘေးက ရပ်ကြည့်နေတဲ့
သူဌေး သည်လည်း ပြုံးစိစိဖြင့်။

" ကိုကို..ကတော့... ​ကျွန်တော့်ကိ​ု
တွေ့တာတဲ့ မိတ်ဆက်တဲ့စကားလုံးက မပြောင်းနိုင်သေးဘူး....

ဟက်   !!

ခွေးသူတောင်းစား....ကြာရင်ကျွန်တော်လည်း
ကျွန်တော့နံမည် မောင်သစ်ဆိုတာမေ့ပြီး
ခွေးသူတောင်းစားလို့ ခေါ်မှ ထူးရတော့မလိုဘဲ ''

သူ့စကားအဆုံး ရောက်ရှိလာတဲ့
ကိုကို့ မျက်စောင်းတွေ။

" မောင်သစ်...ဦးလေးပြောတယ်
ငါး ချက်လောက် လက်သီးစာကျွေးခံလိုက်ရတယ်ဆို ''

" ဟီး...ဟုတ်တယ် သူဌေး...
ခုထိတောင် နာနေတုန်း ''

"သေလိုက်... ''

"ဟာ...ကိုကို..''

သူတို့ နှစ်ယောက်ကို ကြည့်ပြီး ရစ်
ရယ်လိုက်တော့...မကြည်တဲ့
အကြည့်တွေနဲ့ ဆက်က သူ့ဘက်လှည့်ကာ။

"ေအ...ရယ်နေလိုက်..ဒီမှာငါသေခြင်စိတ်ပေါက်နေတာတောင်မင်းရယ်နိုင်သေးတယ်နော် ''

"ဟားဟား...မဟုတ်ရပါဘူးကွာ
မင့် ဘယ်တုန်းက ကလေးဆန်တတ်သွားတာလည်း
ဆိုတာ တွေးမိရင်း ရယ်မိတာပါ ''

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Donde viven las historias. Descúbrelo ahora