" ဆက်.. မင်းနဲ့ မောင်သစ်နဲ့က
ဘာတွေလဲ ''ဆေးရုံကို ကားမောင်းကို့ရင်း မေးလာတဲ့
ရစ် အမေးကြောင့် ဆက် ညက အဖြစ်အပျက်
ကို ပြန်မြင်မိရင် ေဒါသ ထွက်လာပြန်သည်။ကားမှန်ကနေတစ်ဆင့် ဒေါသ ဖြစ်နေတဲ့
ဆက်ပုံစံကို ရစ် ကောင်းကောင်း မြင်ရ၍။" ဆက်...မောင်သစ်.. မင်ဒေါသ
ထွက်အောင် တစ်ခုခု လုပ်ထားတယ်မလား ''"ကျစ်.... ''
"အဲ့ဒါ မင့်အပြစ်ဘဲ ရစ်..မင်းသာ
သူ့ကို ညကငါ့ဆီ လာမအိပ်ခိုင်းရင်
ငါဒေါသ ထွက်နေရမှာ မဟုတ်ဘူး ''မာကျောတဲ့ လေသံနဲ့ ဆက် ပြောနေ
ကတည်းက ေဒါသ တစ်အားထွက်နေမှန်း
သိသာသည်။" ငါတောင်းဆိုလို့ရမလား..ရစ်
ငါမင့်အိမ်မှာ အကြာကြီးဆက်နေရအုန်းမှာ
မင့်အိမ်မှာ နေနေတဲ့ တစ်လျှာက် အဲ့ကောင်မျက်နှာ
ငါမမြင်ချင်ဘူးကွာ..ငါ့ကို တစ်ခုခု မင်းလုပ်ပေးတော့ ''" သူမင်းကို ကိုယ်ထိလက်ရောက်
စော်ကားလိုက်လို့လား ''ဆက် တိတ်ဆိတ်သွားရသည်။
ဘယ်လို ထုပ်ပြောရမှာလဲ.. အဲ့မသာက
ငါ့ကို စော်ကားခဲ့တာပါလို့။မပြောဘဲ တည်ငြိမ်နေတဲ့ သူငယ်ချင်းကြောင့်။
" ကောင်းပြီလေ...ငါမောင်သစ်ကို အလုပ်ထုတ်
လိုက်မယ်.. ဒါဆိုကျေနပ်လား ''ဒီလိုဆိုပြန်တော့လဲ ဆက် မလုပ်ရက်။ဒါပေမဲ့လည်း
ရွှေးစရာမှမရှိတော့တာ။" ကျေနပ်တယ် ''
စိတ်ထဲမပါပေမဲ့ ထိုအဖြေကို သူပေးလိုက်မိသည်။
" အ့..စပ်တယ် သူဌေးလေး ''
"အောင့်ခံလိုက်အုန်း မောင်သစ်
ဆေးထည့်လို့ ပြီးတော့မယ်နော် ''" ဟုတ်..ဟုတ်ကဲ့ သူဌေးလေး ''
" သူဌေးလေး ''
နှုတ်ခမ်းဒေါင့်က ကွဲနေတဲ့ဒဏ်ရာကို
လွမ်းဆေးထည့်ပေးနေတုန်း အနားရောက်လာတဲ့
မိနှောင်း။စိတ်မကောင်းတဲ့ မျက်ဝန်းတွေနဲ့ မောင်သစ်
ကိုလည်း ကြည့်နေသေးသည်။