Part-41

4.4K 148 16
                                    


Unicode

Part-41

" ဆက်...နင့်ကို လာတွေ့တဲ့လူရှိတယ်..''

" ဟင်...''

တည်ငြိမ်နေတဲ့အေးစုရဲ့ မျက်နှာက
သူအဓိပ္ပါယ်ဖော်၍မရ။ လာတွေ့သူက
ဘယ်သူများလည်း။

" ကျွိ့..''

အခန်းတံခါးဖွင့်သံကြောင့်
အပေါက်ဝကို ကြည့်လိုက်တော့..။

" မီ...''

" ဆက်...''

" နင်တို့စကားပြောနှင့်ကြအုန်း...ငါ..
ရစ်အခြေအနေ သွားကြည့်လိုက်အုန်းမယ် ''

အေးစု ထွက်သွားတော့..သူ့ကုတင်ပေါ်
ဝင်ထိုင်လာတဲ့မီ။ လက်တစ်ဖက်ကို
ခပ်ဖွဖွ ဆုတ်ကိုင်လာပြီး..စိတ်ပူတဲ့.
အကြည့်တွေနဲ့ ကြည့်နေပြန်သည်။

သူမ သည်လည်း..ကျွန်တော့ကို
သိပ်ချစ်သူ တစ်ယောက်ပေ။

လွမ်းကိုသားတွေ့ မောင်သစ်က ပြန်နားနေဖို့
ကျီ ကျနေတာနဲ့ အခန်းထဲမှာ
ပြန်နားနေခြင်းဖြစ်သည်။

ဒီအချိန်များ...မောင်သစ်ရောက်ခဲ့ရင်။

ထိုအတွေးနဲ့ မီကိုင်ထားတဲ့ လက်ကို
ညင်သာစွာ ဖြုတ်ချလိုက်တော့..
တင်းကြပ်စွာ ပြန်လည်ဆုတ်ကိုင်ထား၏။

ခက်တော့ပြီ..။

" ဆက်.....မီဇရစ်ဝိုင်ဆီလာတာ..
ဆက်သတင်းကြားတော့..မီဘယ်လောက်စိတ်ပူ
သွားလည်းသိလား...ဘာလို့ ကိုယ့်ကိုကိုယ်ဂရုမစိုက်
ရတာလည်းဆက်ရယ်..''

" ဆက်..ဘားမှမဖြစ်ပါဘူး..မီ..
ဒီအတိုင်းအားနည်းလို့ မေ့လဲ သွားယုံလေးပါ
ဘားမှမဖြစ်ဘူး...စိတ်မပူနဲ့နော်..''

"ဟင့်..စိတ်မပူလို့ရမလား..အရင်လို မီက
ဆက်ကိုပေါ်တင်တင်ဂရုစိုက်လို့ရနေတာလည်း
မဟုတ်ဘူး..ဆက်မှာက.အိမ်ထောင်နဲ့..
တစ်ခုခုဆို..ပတ်ဝန်းကျင်ကိုကြည့်နေရတာနဲ့
မီ အပြေးမလာနိုင်ဘူး...ဒါကြောင့်ပြောတာ
အဲ့ကောင်နဲ့ကွာရှင်းလိုက်ပါတော့လို့...
ဆက်ရယ်...သူနဲ့ ကွာရှင်းလိုက်ပါတော့နော်...
မီတို့ သာယာတဲ့မိသားစု ဘဝလေးတို့
ပြန်တည်ထောင်ကျမယ်လေနော်..ဆက် ''

ကွာရှင်းရမယ်။

ထိုစကားလုံးက သူ့စီးဆင်းနေတဲ့သွေးကြောတွေကို
ရပ်သန့်သွားစေသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Donde viven las historias. Descúbrelo ahora