Part-38

4.1K 158 10
                                    


Unicode

Part-38

" ကိုကို ဒီနေ့ ဘာလို့နောက်ကျနေတာပါလိမ့်''

လွမ်းပြန်မလာသေးတဲ့ ကိုကို.. ကို
မအိပ်ဘဲမျှော်နေမိသည်။

ထိုအချိန် အိမ်ရှေ့ဆိုက်လာတဲ့
ကားတစ်စီး။ ထိုကားထဲက မိန်းကလေးတစ်ယောက်
ယောကျာ်းလေးတစ်ယောက်ထွက်လာကြသည်။

ထိုလူတွေကိုမြင်တော့ လွမ်း အသားတွေ
တစ်ဆက်ဆက် တုန်အောင်ဒေါသ
ထွက်ရသည်မှာ အမှန်။

" ဒါဘယ်လို ဖြစ်လာကြတာလည်း...''

အချိန်က 9 နာရီ။ ဒီအချိန် အဲ့မိန်းမနဲ့
အိမ်ကို အတူပြန်လာစရာလား။

" လွမ်းငယ်...ကိုယ်...''

"ခများပြောတော့..အဲ့မိန်းမကို မချစ်ပါဘူးဆို
အခုတော့ အချိန်မတော်မှ အဲ့မိန်းမနဲ့
အိမ်ပြန်လာတယ်ပေါ့လေ..
လွမ်းကိုလိမ်တာလား..လွမ်းက ခများမချစ်ဘဲ
ခများနား အတင်းလိုက်ကပ်နေတဲ့လူမို့
ခများလိမ်တာလား..''

" လွမ်းငယ်..ထင်ရာတွေ လျှောက်ပြောမနေနဲ့
ကိုယ်ရှင်းပြတာနားထောင်အုန်း..'

ဒီအချိန်ကြီး မိန်းမ တစ်ယောက်ကို
အိမ်ခေါ်လာပြီးမှ ရှင်းပြမယ်။ လွမ်းက
အရူးမဟုတ်ဘူး။

အဲ့မိန်းမကလည်း အရှက်မရှိ မျက်နှာငယ်လေး
နဲ့။ ဘာတွေ ဖြစ်လာကြတာလည်းဗျာ။

" ပြောကြည့်လေ..နားထောင်ကြည့်ရတာပေါ့''

အဲ့မိန်းမ မျက်နှာကြောင့်ဒေါသထွက်နေရသည်ကို
လွမ်းအတတ်နိုင်ဆုံးထိန်းချုပ်ထားရသည်။

" ကိုယ်..ကိုယ်နဲ့ မြချို...''

ရစ်..ဘယ်လိုရှင်းပြရမလဲ မသိတော့။
မြချိုနဲ့ ညစာစားပြီးအပြန် နှစ်ယောက်လုံး
သောက်သာများပြီး မူးလွန်သွားကြသည်။
အရက်ရှိန်ကြောင့်အထိန်းအကွတ်မရှိတော့တဲ့
သူတို့နှစ်ယောက်..။

ဒီထက်ဆက်ပြီး မမှတ်မိတော့ပေမဲ့ မှတ်မိချိန်မှာ
တော့..သူမက. ကျွန်တော့နံဘေးမှာ
အဝတ်မဲ့လို့။ ရောက်နေကြသည်ကလည်း
ဟိုတယ် ထဲမှာ။

မိန်းကလေးတစ်ယောက်ကိုတာဝန်
ယူရမည့်ကျွန်တော့ အခုလို ချို့ကို
အိမ်ခေါ်လာရချင်းပေ။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Nơi câu chuyện tồn tại. Hãy khám phá bây giờ