Part-27
" မင်း...'!!
ရုတ်တစ်ရက် အခြေအနေကြောင့်
ဒေါင်ပုနဲ့ အလုပ်သမား များ ပါစပ်ဟောင်းသား
ဖြစ်ကုန်ကြသည်။" ဘာလဲ..ဒေါက်တာ...နှောင်းကို ပြန်ရိုက်မလို့လား
ရိုက် လိုက်လေ...ရိုက်လိုက်စမ်းပါ
အချစ်သူရဲကောင်းကြီးရဲ့ ''" ဟာ...တောက်! !...မင်းနဲ့..ဘာဆိုင်လို့
ငါ့ပါး ကို လာရိုက်ရတာလည်း
ငါ မင့်ကို ဘာလုပ်လို့လည်း ''" သစ္စာ မဲ့လို့ ရိုက်တာ..ကျွန်မကို
လုပ်လို့မဟုတ်ဘူး...ဒေါက်တာ တော်တော်
အရှက်တရားမဲ့တာဘဲ..အခုမှ လက်ထပ်ထားတဲ့
ယောကျ်ားရှေ့မှာတစ်ခြား တစ်ယောက်ကို
ဖက်ရဲတယ်.အရင်က ဒေါက်တာ့ကို သူဌေးလေး
အပေါ် နားလည်ပေးနိုင်လွန်းလို့
နှောင်းအထင်ကြီးခဲ့မိတာ အလကားဘဲ..
ဒေါက်တာ ကိုမောင်သစ်ကို မချစ်တာ
နှောင်းလက်ခံတယ်...ဒါပေမဲ့ အရှက်မဲ့တဲ့
လုပ်ရပ်နဲ့တော့ ကိုမောင်သစ်အပေါ်
မရက်စက်သင့်ဘူး...နှောင်းအခုလို
ပြောလိုက်လို့ နှောင်းကို သူဌေးတို့
အလုပ်ထုပ်မယ်ဆိုရင်တောင် တစ်ဖက်သတ်
နာကျဥ် နေရတဲ့ အကို့ အတွက် နှောင်း
ရဲရဲကြီး အလုပ်ထွက်လိုက်မယ် ''နှောင်း ထိုမျှ ပြောပြီး ထိုနေရာက
ထွက်လာခဲ့လိုက်သည်။ကျန်နေသူ ဆက်ကတော့။
ဘာလို့ အားလုံးက ငါ့အမှားလည်း။
ငါ့လည်း သေလောက်အောင်နာကျဥ်နေရတဲ့လူပါ။
ဘာလို့လူတိုင်းက ငါ့ကို နားလယ်မပေးကြတာလည်း။
ငါ့လုပ်ရပ်က အဲ့လောက်အထိ ဆိုးနေလို့လားဟာ။
ငါ ချစ်တဲ့ မိန်းကလေးကို ဖက်လိုက်မိတာ အဲ့လောက်
တောင် အပစ်ကြီးသွားဒါလား။တစ်ဖက်တွင်လည်း...
" ကိုကို..''
"ပြောလေ..လွမ်းငယ် ''
"လွမ်း ကိုမောင်သစ်ကို သနားတယ် ''
"ဟက်...လွမ်းငယ်ကတော့ ''
ရစ်...ပွဲက ပြန်လာတဲ့ အကျီ်ကို
လွတ်လွတ်လပ်လပ်ရှိစေမဲ့ အကျီ်
တစ်ထည်နဲ့ လဲလိုက်ပြီး အခုထိ အဝတ်မလဲ
နိုင်ဘဲ စိတ်မကောင်း ဖြစ်နေသေးတဲ့
ကောင်လေးကို ခါးလေးထက် လက်လျှို
တွင်းပြီး ဖက်လိုက်သည်။