Part-35

4.2K 151 3
                                    


Unicode

Part-35

မူးယစ်ဆေးဝါး သားကောင်ဖြစ်ခဲ့တဲ့
ကျွန်တော့်ရဲ့ မေအကြောင်းကို
အသေးစိတ် သိဖို့အတွက် မြချိုဆီ
ထွက်လာခဲ့သည်။

လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက မြချိုဆီ
သွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကြားထဲမှာ
လွမ်းငယ်က နေမကောင်းလိုက်တော့
အလုပ်လည်းမသွားနိုင်သလို...
သူလေးအနားကလည်း မခွာနိုင်ခဲ့ဘူး။

အစားအစာကအစ..ဆေးသောက်ဖို့အဆုံး
ဒီလူသားလေးကို စိတ်ပူရလွနိးလို့
ကိုယ်တိုင်ကိုယ်ကျ စီမံ ခဲ့သည်။

ဆေးသောက်ပြင်းတဲ့ ကောင်ဆိုးလေးက
ကျွန်တော်အလိုလိုက်ပါများလို့
တစ်ခါတစ်ခါ ဆိုးဆိုးတတ်လာပြီး
ဆေးသောက်ဖို့အတွက်တောင် ကလန်
ကဆန် လုပ်နေလေသည်။

လေသံမာမာနဲ့ ပြောမှ ဖိုးဆိုးလေးက
နှုတ်ခမ်းလေးစူပြီး အောင့်ကာအောင့်ကာ
ဆေးကိုယူသောက်သည်။

ဆေးမသောက်ဘဲ နေလို့မရမှန်းသူလေးသိသည်။
ကျွန်တော်အလိုလိုက်တော့ ကျွန်တော့်အပေါ်
ဆိုခြင်လို့ တမင် လုပ်နေမှန်း
အသိသာကြီး ။

ချစ်တတ်လာတော့လည်း ဒီကလေး
ဆိုးတာကို ကျွန်တော် အပြုံးနဲ့ ခံယူ
တတ်လာပြီ။

ကလေးကို အနီးကပ်ပြုစု့ဖို့
အလုပ်ကိုအရေးမကြီးရင် မသွားတော့ဖို့
ဆုံးဖြတ်ပြီး လိုအပ်တာတွေကို အေးစုနဲ့
ေမာင်သစ်ကို တာဝန်ပေးလိုက်သည်။

အလုပ်ထက် ကျွန်တော့မှာ အရေးကြီးတဲ့
လူသားလေး နှစ်ယောက် ရှိနေပြီမလား။

ကျွန်တော့်ရဲ့ အတွေး တွေသည်
ဆိုင်ထဲ ဝင်လာတဲ့ အပြုံးတွေ အရောင်တောက်
နေတဲ့ အမျိုးသမီးတစ်ယောက်ကြောင့်
ကြက်ပျောက်ငှက်ပျောက်.. ပျောက်သွား
ရသည်။

" စောင့်နေတာ ကြားသွားသလား ရစ် ''

အနားလာထိုင်တဲ့ သူမကို ပြုံးရုံသာ
ပြုံးပြပြီး ခေါင်းဖွဖွ ခါယမ်းပြကာ။

" မကြာသေးပါဘူး..ချို
ဘာမှာ မလည်း မှာလေ...''

မြချို...ရစ်သောက်နေတဲ့ ခွက်ကို
ကြည့်၍။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Nơi câu chuyện tồn tại. Hãy khám phá bây giờ