Part-30

4.4K 169 9
                                    

Unicode

Part-30

" ဘာတွေ ဖြစ်နေကြတာလည်း''

ကိုကို..။

အစောကြီး အိမ်ပြန်ရောက်လာတာဘဲ။
ဒေါသကြီးတဲ့ ကိုကို။ ဒေါ်မြချိုကို သူရိုက်လိုက်မှန်း
တာ သိရင် လွမ်းကို ဆူတော့မှာအသေအခြာ။

ဒေါသအပြည့်နဲ့ ကြည့်နေတဲ့ ကိုကို့
အကြည့်တွေကို ရင်မဆိုင်ရဲဘဲ
လွမ်းခေါင်းငုံလိုက်တော့  လွမ်းကိုကို့
ကို ကြောက်တာကို အခွင့်အရေးအမိအရ
ယူလိုက်တဲ့ သူမ.။အရှက်မရှိတဲ့ မျက်နှာနှင့်
မျက်ရည်ခံ ထိုးတော့သည်။

" ဟင့်...ရစ်...ရစ်..ချို့ပါးကို
ကြည့်ပါအုန်း..ချို့ပါး ကို ဒီကောင်ရိုက်လိုက်တာ..
ချို..ဘယ်သူမှ မသိဘဲ အိမ်ထဲ ဝင်လိုက်တာ
လေးနဲ့....ချို့ကို ရိုက်တယ်...''

မဟုတ်ဘဲ မျက်ရည်ခံထိုးနေတဲ့ သူမ ကို
ဒေါသ ထွက်ပေမဲ့..ကိုကို သူမ ကိုယုံမယုံ
မသိသေးသည့်အတွက် ဒေါသကို
လျော့ထားရသည်။

မြချိုစကားက ဟုတ်သည်မဟုတ်သည်တော့
မသိ။ လွမ်းငယ်အနောက်မှာ ရပ်နေတဲ့
မိနှောင်းပါးမှာလည်း လက်ဝါး ရာကြီးက
အထင်သား။

" မြချို ပြောတာ ဟုတ်လား..မိနှောင်း.''

လွမ်းငယ်က အမှန်အတိုင်းပြောမည့်လူမဟုတ်။
ထို့အတွက် ရပ်နေတဲ့ နှောင်းကို
မေးလိုက်ခြင်းဖြစ်သည်။

နှောင်း အလုပ်သမား တစ်ဦး
ဖြစ်နေလို့ ဝင်ပြောပိုင်ခွင့်မရှိ။
အခုလို သူဌေးက တိုက်ရိုက်
မေးလာတော့ သူမ ေပျာ်သွားကာ
အကျင့်မကောင်းတဲ့ မိန်းမကို လက်ညိုးထိုးပြီး။

" အဲ့မိန်းမက..နှောင်းကို အရင်ရိုက်တာသူဌေး''

" မင်း..''!?

ဘာတတ်နိုင်သေးလည်း။ သူဌေးက
နင့်ကို မယုံလို့ အလုပ်သမားဖြစ်တဲ့
ငါ့ဆီက ဖြေရှင်းချက်တောင်းတာ။

သူမ ကို နှောင် ကျေနပ်အားရတဲ့ မျက်နှာနဲ့
ကြည့်လိုက်သည်။ မခံသိမခံ သာ
ဖြစ်နေတဲ့ သူမ။

" ရစ်..ရစ်က ချို့ထက် အဲ့မိန်းမ
ကိုယုံတာလား..ချို့စကားကို
မယုံဒါလား..'

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now