Part-43

4K 139 6
                                    


Unicode

Part-43

" ဘုတ်..''!!

" ဘုတ်...''!!

" ကိုကို..ဘယ်လိုဖြစ်နေတာလဲ..''!!???

သူဌေးအိမ်ကနေ ပြန်ရောက်ကတည်းက
တစ်ဘုတ်ဘုတ်နဲ့ထုရိုက်​နေတဲ့ ကိုကိုကြောင့်
မောင်သစ် စိတ်မရှည်ဘဲ အော်လိုက်တော့...
ပိုလို့ ဒေါသထွက်သွားပြီး..လက်တွေကို
ပိုလို့အားထည့်ပြီး ရိုက်နေသလားအောင့်မေ့ရတယ်
တစ်ဘိန်းဘိန်းတစ်ဘမ်းဘမ်း နဲ့။

" ကိုကို...တော်တော့လို့ ကျွန်တော်ပြောနေတယ်လေ''

ထုရိုက်နေတဲ့ လက်တွေကို မောင်သစ်ဖမ်းဆုတ်လိုက်
ပြီး အနည်ငယ်အသံမြင့်ပြီးအော်လိုက်တော့
အောက်နှုတ်ခမ်းကိုဖိကိုက်ကာ အံကြိတ်ထားနေပုံက
ကိုက်ထားတဲ့နှုတ်ခမ်းသားလေးပင်ပေါက်ထွက်လု
မတတ်။

" ကိုကို...နှုတ်ခမ်းကိုမကိုက်ထားနဲ့ လွှတ်လိုက် ''

နှုတ်ခမ်းပေါက်မှာစိုးလို့ မောင်သစ်လွှတ်ဖို့ပြောလိုက်
တော့..မျက်ရည်ကြည်လေးတွေရစ်ဝဲနေပြီး
ဒေါသလွှမ်းနေတဲ့ မျက်ဝန်းနက်တွေနဲ့
စူးစူးရဲရဲ ကြည့်နေတဲ့ကိုကို​ကြောင့်...
နောက်ဆုံး အရှူံးပေးရသူက မောင်သစ်ပင်။

" ကျွန်တော်တောင်းပန်ပါတယ်ကိုကို..
ကိုကို့နှုတ်ခမ်းတွေပေါက်နေပြီ..ကိုက်ထားဒါ
လွှတ်လိုက်တော့နော်...သွေးတွေထွက်နေပြီ..
ကျွန်တော့်ကို စိတ်တိုရင်ကျွန်တော့်ကိုဘဲ
ဆက်ရိုက်..ဆက်ထု..ကြိုက်သလိုလုပ်ဗျာ..
ကိုကို့ အသားကိုတော့နာအောင်မလုပ်ပါနဲ့...''

မောင်သစ်ပြောလိုက်တော့ ကိုက်ထားဒါက်ို
တစ်ဖြည်းဖြည်းဖြေချလိုက်တဲ့ကိုကိုက..
အံကြိတ်ထားသမျှ ငိုလာပြီး..နူးညံ့ပြီး အိစက်တဲ့
လက်သေးသေးလေးတွေနဲ့ ရင်ဘတ်ကို
တစ်ဘုတ်ဘုတ် နဲ့ ထုရိုက်လာလေသည်။

" ဟင့်..အဟင့်..မကျင့်မကောင်းတဲ့ကောင်..
လူယုတ်မာကြီး...ပြောတော့ချစ်တယ်ဆိုပြီး
သူများတွေအရှေ့မှာ..လူကိုလာအော်တယ်..
ဟီး.... !? အကျင့်ယုတ်ကောင်...အကျင့်မကောင်း
တဲ့ကောင်.....''

ခလေးတစ်ယောက်လို ငိုရင် သူ့ရင်ဘတ်ကို
ရန်ရှာနေတဲ့ ကိုကိုကြောင့် မောင်သစ်
နှလုံးသားလေး နာကျဥ်နေရရှာသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Место, где живут истории. Откройте их для себя