Part-33

4.3K 155 8
                                    

Unicide

Part-33

" အား.းးးးး  ''

"ရှက်လိုက်တာ...ခွေးသူတောင်းစား
အဲ့ဒါ မင့်ကြောင့်....''

"ဗျာ...ကျွန်တော်နဲ့ ဘာဆိုင်လို့လည်း..ကိုကိုရ''

"ဆိုင်ဆိုင်မဆိုင် အဲ့ဒါမင့်ကြောင့်ဘဲ
သူတောင်းစားရဲ့...''

ကိုကို အဖြစ်က ကျွန်တော်ရယ်ရခက် ငိုရခက်နဲ့။
သူ့ဟာသူ ကျွန်တော့လက်ကို ဆွဲထွက်လာပြီးမှ
သတိထားမိတော့မှာ အရှက်ပိုပြီး
ကျွန်တော့ကြောင့်တဲ့။

ကိုကိုကတော့.ဒေါက်တာ.ဒါဖြစ်တာ
စိတ်ကခလေးစိတ်။

ကားပေါ်ရောက်တဲ့အထိ အခဲမကျေသေးတဲ့
ကိုကိုဟာ..ကျွန်တော့ကိ​ု အပြစ်တင်လို့
မပြီးနိုင်သေး။

" ပို့...ငါ့ကို ကားမောင်းပို့ပေး..''

"ဗျာ..ဒါပေမဲ့..ကျွန်တော့မှာကား..ပါ..''

"ပြစ်ထားခဲ့လိုက်...အခု ကားလာမောင်းပေး..''

"ကားလာမောင်းပေး..လို့ပြောနေတယ်လေ ''

ကျွန်တော် ကိုကိုရဲ့ ခလေးဆန်တဲ့
အပြုအမူကြောင့်တစ်ခဏသာ
မင်သက်သွားမိချိန် ကိုကိုဆီက စိတ်မရှည်တဲ့
လေသံ ထွက်ပေါ်လာ၍ ကပြာကယာ
ကားပေါ်တက်လိုက်ရသည်။

" အိမ်ကိုလား..ကိုကို...''

"အိမ်မပြန်လို့..ဟိုကောင်နဲ့ ညစာထွက်စား
ခြင်သေးသာလား..''

အီး..ကိုကိုသိနေတယ်။တစ်ရက်လေး..
ထွက်စားမိတာပါ။

" မဟုတ်ရပါဘူး..ဟီး..အိမ်ဘဲမောင်းမယ်နော်..''

"မောင်သစ်...မောင်းမှာလား..မမောင်းဘူးလား
စကားဘဲ များနေအုန်းမှာလား...''

"မောင်းမှာ..အခုမောင်းပြီး..ကိုကိုကလည်း
စိတ်ကြီးဘဲ..ဟက်..''

ကိုကို့ မျက်စောင်းတွေက ပြာကျလောက်တာမို့
စကားမများတော့ဘဲ..ကားမောင်းထွက်လိုက်
တော့သည်။

အလုပ်မှာ ကျန်ခဲ့တဲ့..သူ့ကားကိုတော့.
ကိုကို မသိအောင်..အထွေးကို အကူအညီ
တောင်းပြီး..ပြန်ပို့ခိုင်းလိုက်တော့မယ်။

ရစ်..အလုပ်လက်ကျန်ဖိုင်တွေကို
စစ်ဆေးနေတုန်းမှာဘဲ..ဝင်လာတဲ့မက်ဆေ့
တစ်စောင်ကြောင့် ဖုန်းကို ကောက်ယူကာ
ကြည့်လိုက်ပြီး..မက်ဆေ့ ဆီက စာတို
တစ်ကြောင်းကြောင့် နှစ်ခြိုက်စွာ
ပြုံးလိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Opowieści tętniące życiem. Odkryj je teraz