Unicode.Part-22
လွမ်း စိတ်ကျေနပ်အောင် တစ်ရှုံ့ရှူံ့နဲ့
ငိုလိုက်ပြီး ကုတင်နံဘေး ထိုင်ခုံးလေးပေါ်
အိပ်ပျော်သွားသည်မှာ ဘယ်အချိန်
ရှိနေမှန်းပင် မသိလိုက်တော့။လွမ်း အိပ်ရာနိုးလာတော့
ကုတင်ပေါ် ရောက်နေလေပြီ။" နိုးလာပြီလား.. ''
"ကိုကို ''
"နိုးလာရင် စကားပြောကြတာပေါ့ ''
အေးစက်တည်ငြိမ် စွာ လွမ်းအိပ်ပျော်သွားတဲ့
ခုံမှာ ထိုင်နေရာက လွမ်း ရှိရာ ကုတင်အနား
လျှောက်လာတဲ့ ကိုကိုက အပြင်ပန်းကသာ
အေးစက်တည်ငြိမ်နေပေမဲ့ လွမ်းကို
ပြောလိုက်တဲ့ စကားသံတွေထဲ ဒေါသတွေ
ေရာယှက်နေသေးမှန်း သိသာလွန်းသည်။ကိုကို့ဆီက အဆူခံရ မှာ သိတဲ့
လွမ်းအဖို့ တော့ ကိုကို ဆူသမျှ
ခေါင်းငုံ့ခံရုံကလွဲ ဘားမှ မတတ်နိုင်။" လွမ်းကို ဆဲမယ်ဆို ဆဲလိုက်ကိုကို
လွမ်းကတော့ ကိုကိုနဲ့ ဘားမှ ပြောစရာ
ရှိမှာ မဟုတ်ဘူး ''လွမ်း အသံက ဝမ်းနည်းလွန်း၍ ထင်တယ်။
စကားတွေက သိမ်ဝင်ကာ တိုးတိုးလေး ဖြစ်နေမှန်း
လွမ်းကိုယ်တိုင် သိသည်။ရစ် အရှေ့က ပြောစရာ မရှိဘူးလို့
အပြတ်ပြောလာတဲ့ လွမ်းငယ်ကြောင့် ဒေါသတို့
ထိုးထွက်လာ၍ မနည်းထိန်းချုပ်ကာ။" ငါ့ကို ဖြစ်ပျက်တာနဲ့ ပတ်သက်ပြီး
မင့်မှာ ရှင်းပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့
သဘောလား လွမ်းစေတည် ''" ဟုတ်တယ်..ကိုကို..''
"ဒါဆို ငါက မင်းမြချိုကို တွန်လိုက်တယ်ဆိုတာကို
ယုံ ထားလိုက်ရတော့မှာပေါ့ အဲ့လိုလား ''"ဘာလို့ မေးနေသေးတာလည်း..
ကိုကို အစထဲက ယုံကြည်ပြီးသား
မဟုတ်လား...အ့....ကိုကို ''ရုတ်တစ်ရရက် ခေါင်းငုံထားတဲ့ လွမ်းကို
သန်မာတဲ့ လက်များဖြင့် လည်တိုင်မှ
ဆုတ်ကိုင်ကာ ဆွဲယူမော့လိုက်တဲ့ကိုကို။ကြမ်းတမ်းတဲ့ အပြုအမူက လွမ်းအသား
တွေပင် မဟုတ်ဘဲ လွမ်းရဲ့ ဟို့အတွင်း
တစ်နေရာက အထိအခိုက်လွယ်တဲ့
နှလုံးသားလေးကိုပါ နာကျဥ်သွားစေတယ်။