Part-29

3.8K 153 5
                                    


Unicode

Part-29

သူပေးတဲ့..ကားပေါ် ပစ္စည်းတင်ချ
စစ်ဆေးတဲ့ တာဝန်းကို မလစ်ဟင်းအောင်
သေခြာလုပ်နေတဲ့..ကိုမောင်သစ်ကို
ကြည့်ပြီး အထွေး..ပြုံးနေမိသည်။

ဒေါင်ကောင်းတယ်လို့ မဆိုလောက်ပေမဲ့
အတော်အသင့်ထက် အနည်းငယ် ရှည်နေတဲ့
အရပ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့
​လှပတဲ့..နှုတ်ခမ်းသား တွေပိုင်ဆိုင်ထားတဲ့
ကိုမောင်သစ်က..ကြည့်မိတဲ့ မိန်းမပျိုတွေတင်
မဟုတ်..ယောကျာ်းတွေရဲ့ နှလုံးသားကိုပါ
ဖမ်းစားနိုင်လောက်တဲ့..ပြီးပြည့်စုံမူ့မျိုး
ရှိသည်။

အလုပ်လုပ်နေတဲ့ မောင်သစ်ကို ပြုံးပြုံးကြီး
အငမ်းလွန်နေတဲ့..အထွေးကြောင့်
အစည်းအဝေးပီးလို့..အလုပ်စရင်းလာယူ
တဲ့ အေးစု ပြုံးလိုက်ရသည်။

" အဟမ့်..အဟမ့် ''

သူ ချောင်းဟန့် လိုက်တော့ ရှက်ကိုးရှက်ကန်း
ဖြစ်သွားတဲ့ အထွေးပုံစံ။ သူခိုးလူမိတော့
ရှက်ရှာဒါပေါ့။

" ငေးလှတယ်.. အထွေး..''

"ဟီးဟီး..နည်းနည်းပါ ''

"ဟုတ်ရဲ့လား...အမ မြင်တာတော့
နည်းနည်းမက သလိုဘဲ ''

" ဟီး..သေခြာမြင်လိုက်တာဘဲ..
ကိုမောင်သစ်က ချောတာကိုဗျ..ကျွန်တော်ငေးမိတာ
ဆန်းလို့လား...'''

" အမာ်..အမယ်ကြည့်စမ်း...ဟန်ဆောင်ပြီးတောင်
မလိမ်ညာတော့ဘူး..ချက်ခြင်းကိုဝန်ခံပစ်လိုက်တယ်''

"မိနေပြီဘဲ..လိမ်တော့ကော..ဘာထူးမှာ
မို့လည်းဗျ...''

"အေးပါ..အေးပါ...ငေးချင်လည်းနောက်မှဆက်ငေး
အခုတော့..ဒီအပတ်ရဲ့..အစီရင်ခံစာနဲ့.အလုပ်ဖိုင်တွေ
အရင်ပေးပါအုန်း...''

"ဟုတ်..ခဏ..''

စပွဲပေါ်က..ဖိုင်အနီလေးနဲ့ အပြာလေးကို
ယူပြီး..မအေးစုလက်ထဲ.. သူပေးလိုက်သည်။

" မအေးစု..''

"မောင်သစ်..''

နူးညံ့တဲ့ အပြုံးလေးတွေနဲ့ အနားရောက်လာတဲ့
ကိုမောင်သစ်ကိုကြည့်ပြီး..အပြုံးတွေ ဝေနေသူကတော့ အထွေးရယ်ပင်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Où les histoires vivent. Découvrez maintenant