Part-24

4.3K 161 10
                                    


Unicode

Part-24

နုနယ်တဲ့ လက်မောင်းသားတွေကြား
ထိုးဝင်ထားတဲ့ အပ် တွေအထဲမှ စီးဝင်နေကြတဲ့
ဆေး တွေ။ များစွားသော ဆေးတွေကို
ကြည့်ပြီး ရစ် ေဆးရုံကုတင်ထက် မေ့မျှော
ကလေးငယ်အစား ဝင်၍သာ နေရာလဲ
ယူချင်စိတ်တွေ တစ်ဖွားဖွားရယ်။

လက်ထဲက ဆရာဝန်ပေးခဲ့တဲ့
ဆေးတွေကို ကြည့်ပြီး သူ့ကိုသူဒေါသ
ပြန်ထွက် မိသည်မှာလည်းအခါခါ။

ဆေးတွေက အရောင်မျိုးစုံ ရှိနေပြီး
တစ်ခုတည်းသော ဆေးအမျိုးအစားကို
တော့ ရစ်ကောင်းကောင်းကြီးမှတ်မိနေသည်။
အကြောင်းအရင်းကတော့ ဆက်
သု့ကို ဆေးရုံမှာ ကိုယ်တိုင် လာယူခိုင်းတဲ့
ဆေးအမျိုးအစား ဖြစ်နေလို့ပင်။

အဲ့ကတည်းက ဆက်ရဲ့ အမူအယာ မတည်ငြိမ်
မှန်း သူသိခဲ့ပြီး ဒီဆေးအကြောင်း
စုံစမ်းခဲ့ပါက လွမ်းငယ် ခုလို ဆေးရုံတောင်
တက်ရမည် မဟုတ်။

ဒီဆေးတွေက..သူငယ်အိမ် ထည့်သူ
တွေသာ သောက်သုံးသည့်ဆေးတဲ့။

လွမ်းငယ်က ကျွန်တော့ အတွက်
သူ့အသက်ကိုတောင်အလေးမထားဘဲ
သူငယ်အိမ် ထည့်ပေးခဲ့တယ်။
အဲ့လောက်အထိ သူ့အပေါ် အချစ်ကြီးခဲ့တဲ့
ခလေးငယ်ကို ရက်ရက်စက်စက်
အနိုင်ကျင့်ခဲ့မိတဲ့..သူ့ကိုသူ ဘယ်လိုမှ
ခွင့်မလွှတ်နိုင်လောက်အောင်
ဒေါသတွေ ဖြစ်နေရသည်။

" သူဌေး...မောင်သစ် ရောက်ပြီ ''

" အင်...ဦးဘသောင်း အပြင်ထွက်ပေးပါ''

"ဟုတ်ကဲ့ ''

လွမ်းငယ် အ​ခြေအနေက အနီးကပ် ဆရာဝန်
တစ်ယောက် ရှိနေမှ ဖြစ်မည့်အတွက်
ဆက်ကို ခေါ်ထားတဲ့ မောင်သစ်ကို
တွေ့ဖို့ ရစ် ဦးဘသောင်းမှ တစ်ဆင်​့
ခေါ်ခိုင်းလိုက်သည်။

" သူဌေး''!!

"အင်...မောင်သစ် ထိုင်လေ ''

ချွဲနစ်နေတဲ့ လေသံဖြင့် ထိုင်ဖို့ ခွင့်ပေးလာတဲ့
သူဌေး။ ဆေးပိုက်တွေကြားလဲလျောင်းနေတဲ့
သူဌေးလေး အကြောင်းတော့
လာခေါ်တဲ့ လမ်းမှာ ဦးဘသောင်း
ပြောပြခဲ့လို့ သိပြီးသွားပြီ။
ခုသူ မသူ မသိသေးသည်က
သူဌေး သူ့ကို ခေါ်ခိုင်းတဲ့ အ​ကြောင်းအရင်းပင်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Donde viven las historias. Descúbrelo ahora