Part -12 🔞🔞

6.6K 173 3
                                    


" ကိုကို ဘာလို့ မောင်သစ်ကိုအလုပ်
ထုတ်လိုက်တာလဲ ''

"လိုအပ်လို့လေ..ဘာလို့လဲ
ကိုယ့်မှာ သူ့ကို အလုပ်ထုတ်ပိုင်ခွင့််မရှိဘူးလား''

အလုပ်က ပြန်လာပြီး ရေချိုးဖို့
နက်တိုင်ဖြေနေစဥ် အခန်းထဲ လိုက်ဝင်လာ
တဲ့ လွမ်းအမေးကို လှည့်မကြည့်ဘဲ အေးအေး
ဆေးဆေးနဲ့ ဖြေလိုက်သည်။

" ကိုကိုက ဒီအိမ်ပိုင်ရှင်သူဌေးပါ
အလုပ်ထုတ်ပိုင်ခွင့် အပြည့်အဝ ရှိတာပေါ့
ဒါပေမဲ့..ကိုကိုရယ် မောင်သစ်က
ဒီအလုပ်နဲ့ မိသားစုကို ရှာကျွေးနေတာ
ကိုကို အခုလို အပြစ်မရှိဘဲ
အလုပ်ထုတ်လိုက်တာတော့
မကောင်းပါဘူး ''

တစ်ခါးမှာ သူ့ကို ပြန်မပြောဘူး
တဲ့ကောင်လေးက။ ခု မောင်သစ်ကို
သူအလုပ်ထုတ်လိုက်လို့ မကျေမနပ်တွေ
ပြောဆိုနေ၍ ရစ် မျက်မှောင် ကျုတ်ကာ
အနောက်မှာ ရပ်နေတဲ  ကောင်လေးဘက်
လှည့် ကြည့်လိုက်သည်။

လွှမ်း ကိုကို့ အလုပ်ကို ဝင်မပါ
ချင်ပေမဲ့ မောင်သစ် မိသားစုအတွက်
အရဲစွန့်ကာ ပြောနေမိသည်။

လက်နှစ်ဖက်ကို တင်းနေအောင်
ဆုတ်ထားပြီး မီးပွင့်မတတ်ပွတ်ကာ
အရဲ စွန့် ပြောနေတဲ့ ကောင်လေး။
ရစ် တစ်ချက် မဲ့ပြုံး ပြုံးကာဖြင့်။

" မင်းတောင်.. ငါ့ကို ပြန်ပြောတတ်နေပြီဘဲ
ဘာလဲ..နည်းနည်းလောက် အလိုလိုက်မိလို့
ကမ်းတက်လာတာလား... ငါ့အမိန့်ကို
အထွဋ့်တက်တာလား ''

လေသံ ခပ်တင်းတင်းနဲ့ သူခြောက်လိုက်တော့
လန့်ကာ တွန့်သွားတဲ့ ခန္ဓာကိုယ်လေး။

" မေးနေတာ ဖြေလေ... မင့်ပါစပ်ပေါက်
ကို ဘာနဲ့ဆို့လိုက်လို့ ပိတ်သွားရတာလဲ ''

အနားကပ်ပြီး မေးနေတဲ့ ကိုကို ကို
လွှမ်းကြောက်သည်။ ကိုကို့ အကြည့်
တွေကို ရင်မဆိုင်ရဲဘဲ အကြည့်တွေကို
ကြမ်းပြင်ဆီ ပို့လိုက်တော့ မေးဖျားကို
ကြမ်းတမ်းစွာ ဆွဲမော့ ယူပြီး အားနဲ့ဖိတွန်းကာ
လွှမ်းခန္ဓာကိုယ်ကို နံရံနဲ့ ဖိကပ်စေလိုက်သည်။

ကျောပြင်နဲ့ နံရံ ထိကပ်လို့ နာသည်က
တစ်ကြောင့် မေးဖျားက ဆွဲညစ်ခံ
ထားရသည်က တစ်ကြောင်းမို့ လွှမ်း
မျက်ရည်တွေပါခိုဝဲ လာရ၏။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Tempat cerita menjadi hidup. Temukan sekarang