Part-8

5.1K 189 0
                                    

ရေချိုးခန်းမဝင်ခင် ခေါ်သွားတဲ့ ကိုကို ပါစပ်က နံမည်။
လွမ်းကို အစိမ်းလတ်လတ် အရေခွံချွတ်လိုက်တာကမှ
ခံစားရတာသက်သာပေအုန်းမည်။

ဘာတဲ့ ငါ့ရဲ့ မေ မဟုတ်​တဲ့မေ ။

လွမ်းက မမမေ မှမဟုတ်တာ ကိုကိုရယ်။ဘယ်လို
လုပ် ကိုကိုရဲ့ မမမေ ဖြစ်နိုင်ပါ့မလဲ။
လွမ်းကို ကိုကို ကြိုက််သလို နိုတ်စက်လို့ရတယ်။
မမမေနဲ့ မနိုင်းပါနဲ့။ လွမ်း ခန္ဓာကိုယ် လွမ်းအချစ်တွေက
မမမေနဲ့ ဘယ်နေရာမှ မတူဘူး။ လွမ်း အချစ်တွေက
အမြဲတမ်း ပိုနေပြီးသားပါ။

လွမ်းနေရာမှာ မမမေတာဆို ကိုကို လုပ်သမျှ
ငြိမ်ခံ နေပါအုန်းမလား??။ ဒါကြောင့် မယှဥ်ပါနဲ့
ကိုကို ။ လွမ်းကိုကျေးဇူးပြုပြီး မမမေနဲ့ မနိုင်းယှဥ်
လိုက်ပါနဲ့။ လွမ်း နှလုံးသား တစ်ခုလုံးနာကျဥ်
ရလွန်းလို့ပါ။

ကျောအနောက်မှာရှိနေတဲ့ခေါင်းအုန်းပေါ်
ပစ်လဲ ချလိုက်တဲ့ လွမ်း။ မျက်နှာပေါ်
လက်နှစ်ဖက် အုပ်၍ ရင်ထဲ ခံစား
ရသမျှ နာကျဥ် မူ့တွေအတွက် အသံမထွက်အောင်
ကြိတ်ကာသာငိုလိုက်လေသည်။ အသံထွက်ပြီးလည်းသူ
မငိုရဲ။ မတော်လို့ ကိုကို ရေချိုးခန်းက ထွက်လာပြီး
ကြားသွားရင် ကျက်သရေ ယုတ်တဲ့ အသံနဲ့ လာမငို
နဲ့ ဆိုပြီး လွမ်းဘဲ အဆူခံရလိမ့်မယ်။

ထို့အတွက်ကြောင့် ကိုကို မသိအောင် အသံတိတ်ငို
ချလိုက်တာကမှ လွမ်းအတွက် ဖြေသာအုန်းမည်။

" အဲ့မှာ ဘာလုပ်နေတာလဲ ''

"ငါ့ အတွက် အဝတ်တွေကော ''

" ဟို..လွမ်း အခု ထုတ်..ပေးပါ့မယ်..''

လွမ်း ငိုနေတာနဲ့ ကိုကို့ အဝတ်အဝတ်ထုတ်ပေးဖို့
မေ့သွားသည်။ ကိုကို ရေချိုးရင် အမြဲ လွမ်းကသာ
အဝတ်ကြိုထုတ်ထားပေးရသည်။ လွမ်း ကုတင်ပေါ်က
မြန်မြန်လေးလျှောက်သွားပြီး အဝတ်ဗီယို
ထဲက သင့်သော်မဲ့ အဝတ်တစ်စုံ ယူပြီကိုကို ထံ ပေး
လိုက်သည်။

လွမ်း ပေးတဲ့ အဝတ်ကို ယူလာတဲ့ ကိုကိုက
လွမ်း အပေါ် မကြည်တဲ့ အကြည့်တွေနဲ့
အဝတ်တွေကို အားကြီးလှတဲ့ လက်တွေဖြင့်
ဆွဲဆောင့်ယူလိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Место, где живут истории. Откройте их для себя