UnicodePart-37
ကျွန်တော် အိပ်ယာနိုးတော့ ကျွန်တော့
ချစ်ရသူက အိပ်ယာပေါ်မှာ
အိပ်စက်နေတုန်း။ရေချိုးအဝတ် လဲ ပြီးချိန်ထိ
ကိုကိုဟာ မထသေး။ ညက တော်တော်လေး
ပင်ပန်းသွားရှာတဲ့ ကိုကို နဖူးကိုငုံနမ်းရင်
နှာသီးလေးကို လက်လေးနဲ့အသာဖြတ်ညစ်
လိုက်တော့ရှုံမဲ့ကာ လူးလိမ့်လာလေသည်။" ကိုကို..ထတော့...''
"အင်း...ဟင်း...''
ကဲ.ကြည့်လူကမထသေးဘူး။
မျက်နှာကြီးရှုံမဲ့ပြီး နှုတ်ခမ်းထှော်ကာ
မထချင်ကြောင့် ခေါင်းသွင်သွင်ယမ်းပြနေတယ်။ဘယ်လောက်အသည်းယားဖို့ကောင်းလည်း။
" ကိုကို...ထတော့ကွာ...မိုးလင်းနေပြီ
ဆေးရုံနောက်ကျတော့မယ်...''"မသွားဘူး...အိပ်ချင်တယ်...''
"အယ်...ဒီလိုဒေါက်တာမျိုးတွေတာအကုန်ဆို
လူနာတွေ အတွက်ရင်လေးစရာဘဲ..''စလိုက်ေတာ့ ဒိုင်းကနဲ ရောက်ရှိလာတဲ့
ကိုကို့ မျက်ဝန်းတွေ။ အိပ်ချင်တဲ့လူက
မျက်လူးကြီးပြူးကျယ်လို့။" ငါ မထချင်တာဘယ်သူ့ကြောင့်လဲ
မလုပ်ဘူးလို့ပြောနေတာကို အတင်းလိုက်လုပ်နေတာ
ဘယ်သူလည်း...မင်းလေ..မင်းဆိုတဲ့ခွေးသူတောင်းစား
ကြောင့်ငါအိပ်ရေးပျက်ရတာ..''နှုတ်သီးကောင်းလျှားပါး ရန်တွေ့နေသူက
ကျွန်တော့ရဲ့ ကိုကိုပါဘဲ။" ဟုတ်ပါတယ်..ကျွန်တော့ အမှားပါ..
ကျွန်တော့အမှား...ထတော့နော်...
ေရချိုးတော့...ကျွန်တော်နဲ့အတူ
မနက်စာ သွားစားကြရအောင်..''"ဟွန့်...''
ရွှေမျက်စောင်းတော်ဝင်းကာ
ကုတင်ပေါ်က ကွတတလေးဆင်းပြီး
ရေချိုးခန်းထဲ ဝင်သွားသူ
ကျွန်တော့ရဲ့ကိုကို။ညလယ်ပိုင်းအထိ ခွေးသူစားရဲ့ကောင်းမှု့ကြောင့်
ဆက်..အိပ်မပျော်နိုင်ခဲ့။ ရေစက်ထိတိုင်း
အသည်းတစ်ကြိမ်းကြိမ်း ဖြစ်သွားတဲ့
အသားရဲ့ ထိတွေ့မှု့။သူတောင်းစားကြောင့် ရေစက်တွေကတောင်
ငါ့စိတ်ကို ထန်စေခဲဲ့ပြီ။