UnicodePart-42
တစ်ပတ်ခန့်ကြာပြီးနောက်။
တစ်ပတ်ဆိုတဲအချိန်အတိုင်းအတာ တိုတိုလေး
အတွင်းမှာ..ရစ် ရဲ့ခြေထောက်တွေက
သိသိသာသာ ထောက်လာနိုင်နေပြီ
ဖြစ်သည်။ဒါတွေဟာ လွမ်းငယ်နဲ့ ဆက် ရဲ့ ကျေးဇူ့ကြောင့်။
မနက် 5နာရီထိုးဒါနဲ့ အိပ်ယာကထဖို့
လွမ်း ကအမြဲနိုးသည်။အိပ်ယာကထပြီ
ဆိုတာနဲ့ လမ်းလျှောက်လေ့ကျင့်ဖို့
ဆက်က အရန်သင့်စောင့်နေတတ်သည်။ဆရာဝန်ကြီးတွေက မနက်စောစောထပြီး
လေ့ကျင့်ခန်းလုပ်ခြင်းက ထုံနေတဲ့အကြော
တွေကို ပြေတာမြန်စေ တယ်လို့ ပြောလို့
အားလုံးဇွဲရှိရှိနဲ့ ကြိုးစားပေးနေကြခြင်းဖြစ်
သည်။မနက်ပိုင်း လမ်းလျှောက်ထွက်ပြီး..ဆက်ဆေးရုံ
သွားချိန်ဖြစ်တဲ့နေ့လယ်တွေဆို လွမ်းငယ်
ထိန်းပြီး ရစ် ကိုလမ်းကူပြီးလျှောက်ကူပြန်သည်။ညနေစောင်းလို့ ဆက်ပြန်လာတာနဲ့ တစ်ကြိမ်။
တစ်နေ့သုံးကြိမ်လမ်းလျှောက် လေ့ကျင့်မှု့က
အကျိုးတော်တော်ရှိသည်။တစ်ပတ်အတွင်း သူ မြေပြင်ပေါ်ခြေပြန်ထောက်
နိုင်တာဘဲကြည့်။" ကိုကို...နွားနို့ရပြီ ''
ချိုင်းထောက်နဲ့လမ်းလျှောက်နေတုန်း
ကျောပြင်ဘက်က ဘယ်အချိန်ကြားကြား
နဝင်ချိုလွန်းလှတဲ့ ချစ်ရသူ အသံလေးကြောင့်
ရစ် နူးညံ့စွာ ပြုံးလိုက်သည်။" ကုန်အောင်သောက်ရမယ်နော်..ကိုကို....''
" အမိန့်တော်အတိုင်းပါတဲ့ဗျာ ''
လွမ်းစကားကို သူပြန်ပြောလိုက်တော့ကျေနပ်
အပြုံးတွေနဲ့ ပြုံးနေတဲ့ လွမ်းငယ်။
ဗိုက်လုံးလုံးလေးက တစ်နေ့တစ်ခြားပူလာတာ
နဲ့အမျှ လွမ်းငယ် အပြုံးတွေကလည်း
ဗိုက်လုံးလုံးလေးကြောင့်ထင်သည်
ပိုလိုလှပနေ၏။အကျီ်ကြွယ်သီးအောက်က ဗိုက်တော်လေးက
စူထွက်နေတော့..တွယ်ထားတဲ့ ကြွယ်သီး
တွေက ဖြုတ်ထွက်လုမတတ် ဗိုက်နေရာမှ
ကျစ်ထုတ်နေသည်။