Part-50

4.1K 138 6
                                    


Unicode

Part-50

ကိုကိုပြောပြတဲ့အလူဒါနအကြောင်းကို
စိတ်ဝင်တစ်စား နားထောင်နေရာက
ခုန်လှုတ်သွားတဲ့ ရှပ်အကျီ်ပွပွကြီး
အောက်က ပါးလွှာတဲ့သား​ရေခွံနဲ့
ဗိုက်လုံးလုံးလေး။

" အ့. !!.ကိုကို..''

ကိုက်လာတဲ့ ဝမ်းဗိုက်က
လွမ်းကို ပင်ပန်းနွမ်းနှယ်မှု့ကို
ဖြစ်ပေါ်လာစေသလိုချွေးသီး
လေးများလည်း ကျစေတဲ့အထိ။

"လွမ်းငယ်.ဘာဖြစ်တာလဲ ''?

ပြုံးနေရာက တစ်ချိုးထဲပြောင်းလဲ
သွားတဲ့ မျက်နှာက အလိုမကျတဲ့
လူတစ်ယောက်လို။ ကိုယ့်အပေါ်
အလိုမကျဖြစ်မိအောင်လည်း
မလုပ်ထားတဲ့ အတွက်မျက်နှာမဲ့သွားရခြင်း
ရဲ့နောက်ကွယ်မှာ တစ်ခုခုဖြစ်နေပြီမှန်း
ဗေဒင်မေးနေစရာ​တောင်မလိုတော့။

" ဟင့်...ကိုကို...နာ..နာလာတယ် ''

ဗိုက်လုံးလုံးလေးကို
လက်တစ်ဖက်ကတင်။
နောက်လက်တစ်ဖက်ကို ခါးမှာ
ထောက်ပြီး ထိုင်နေရာက
ထရပ်လိုက်တဲ့ ကလေးလေးက
မအီမသာ ဖြစ်နေရှာသည်။

" ဗိုက်နာတာလား...''?

ချွေးသီးတွေကြားက နှုတ်ကတောင်
မဖြေနိုင်ဘဲ ခေါင်းဘဲငြိမ့်လာတဲ့
ကလေးငယ်က..ပြင်းထန်တဲ့ဝေဒနါ
ကိုခံစားနေရပြီ။

" ဦးဘသောင်း...ဆေးရုံသွားဖို့ကားထုတ်တော့ ''

ဘာအတွက်ကြောင့် နာလာမှန်း
မသိတဲ့ဗိုက်ကို မွေးထားဒါ ရက်ပိုင်းဘဲ
ကြာသေးတဲ့ဆက်နဲ့ကလဲမပြခြင်။
ကိုယ်ဝန်ဆောင်ပြီးကတည်းတစ်မျိုးပြီး
တစ်မျိုး နေမကောင်းဖြစ်နေတဲ့
ကိုယ့်ကလေးငယ်ကအခြေအနေက
ချွေးဥကြီးတွေထွက်တဲ့အထိဆိုးဝါး
နေတော့ဆေးရုံကိုဘဲခေါ်သွားဖို့
ဆုံးဖြတ်လိုက်သည်။

ကိုယ်ဝန်သည်တစ်ယောက်ဗိုက်နာတာဟာ
ကလေးမွေးချင်လို့တစ်ခုထည်းတော့
မဟုတ်။ ဝမ်းကိုခြင်း။ကလေးအနေအထိုင်
မသင့်လို့ ရုန်းကန်ခြင်း။
ကလေးအောက်ချောကျခြင်း။ အမျိုးမျိုးကြောင့်လဲဖစ်နိုင်သည်။
ကလေးမွေးချင်တယ်လို့
ပြောရအောင်ကလဲ ကိုယ်ဝန်က
လဖြင့်မစေ့သေး။ လစေ့ဖို့ လပိုင်း
လိုသေးသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)حيث تعيش القصص. اكتشف الآن