Part-46

3.7K 134 14
                                    


Unicode

Part-46

ကိုရွှေဗိုက်လေးရဲ့ ကျေးဇူ့တော်ကြောင့်
အလုပ်မသွားဖြစ်တဲ့ရက်တွေများပြီ။ဒီနေ့..နိုင်ငံခြားရှယ်ယာရှင်တွေနဲ့
အစည်းအဝေး ရှိသည့်အတွက်မဖြစ်
မနေအလုပ်သွားရအုန်းမည်။

" ကိုကို...တကယ်သွားမှာလား...''?

စူအောင့်အောင့်လေသံနဲ့..အလိုမ​ကျ
စွာ ပြောနေတဲ့ကိုယ့်ကလေးငယ်။
အလုပ်သွားမယ်ဆိုတာနဲ့
စူပုတ်နေတာ အခုထိဘဲ။

" ကိုယ် မသွားလို့မရလို့ပါလွမ်းငယ်...
ခဏဘဲ အစည်းအဝေးပြီးဒါနဲ့
ချက်ခြင်းပြန်လာခဲ့မယ်နော်..''

" ဟင့်...ကိုကိုက..လွမ်းနဲ့ပေါက်စလေး
ကိုပစ်ထားရက်တယ်ပေါ့..''

ကဲ ကြည့်ပြောပုံက။ မသိရင်
ကိုယ်ကဘဲ သူ့ကိုတစ်သက်လုံး
ပစ်ထားတော့မလိုလို။ သူများကြား
ရင်တော့..ဇရစ်ဝိုင် တစ်ယောက်
ယောကျာ်းနဲ့သားကိုပစ်ပြီး
ထွက်သွားတော့မယ် လို့
ပြောကြတော့မယ်..။ဒီ ကလေးလေးနဲ့တော့။

ကုတင်ပေါ်မှာကားယားယားကြီး
ထိုင်လို့ ဗိုက်ကိုလက်နဲ့ကိုင်ပြီး
သနားစရာလူသားလေးလို့
လုပ်ပြနေတဲ့ ကျွန်တော့ကလေးလေး
ကြောင့် အသည်းတွေယားနေတာမှလွန်ရော။

" ကိုယ်ပစ်ထားဒါမဟုတ်ပါဘူး..
ကိုယ်ပြောတယ်လေ..မဖြစ်မနေမို့ပါလို့။
နိုင်ငံခြားရှယ်ယာရှင်တွေက
ကိုယ်နဲ့တွေ့ချင်တယ်ဆိုလို့..အရေးကြီးလို့ပါ''

" ဒါဆို လွမ်းနဲ့ ဒီပေါက်စက အရေးမကြီး
ဘူးပေါ့...အဲ့နိုင်ငံခြားရှယ်ယာရှင်​တွေကဘဲ
အရေးကြီးဒါပေါ့...ဟင့်..သွား..
အဲ့ဒါဆိုလည်းသွား...သူ့အလုပ်ဘဲသူသိတယ်
မကောင်းတဲ့ ကိုကို...''

အလုပ်နဲ့ နှိုင်းပြီး..ရစ်နေတဲ့ကလေးဆိုးလေးက
မျက်ရည်ပေါက်ကြီးမျက်ရည်ပေါက်ငယ်
နဲ့။ အရင်က လွမ်းငယ်ဘယ်ရောက်သွား
ပါလိမ့်။

ကိုယ့်ကလေးငိုတော့ မနေနိုင်ပြန်။

" လွမ်းငယ်... မငိုနဲ့. တိတ်တိတ်
ဟုတ်တာပေါ့..ဒီက အကျင့်မကောင်းတဲ့
ကိုကိုဟာ..အလုပ်ကိုဘဲ ဦးစားပေးနေတာ..
ကိုယ်မကောင်းဒါ..ကိုယ့်ကလေးလေးက
မှန်တယ်။..အလုပ်နဲ့ကလေးလေး.
ကလေးလေးက ပိုအရေးကြီးတယ်...
အဲ့အလုပ်က ကိုယ်မသွားလည်းရတယ်
ကိုယ့်ကလေးက ကိုယ်မရှိလိ​ု့ဘယ်ဖြစ်ပါ့မလဲ..
မငိုနဲ့တော့ တိတ်တိတ်..မျက်လုံးတွေ စပ်ကုန်တော့
မယ်...ကြည့်ပါအုန်း.မျက်လုံးလေးတွေ
နီသွားရှာပြီ...''

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now