UnicodePart-36
" သူဌေးလေး...ထမင်းစားရအောင်လေ''
" လွမ်း မဆာဘူး ကြီးပု''
"သူဌေးလေး...မဆာလည်းနည်းနည်းတော့
စားရမယ်လေ..သူဌေးလေးမဆာလည်း
ဗိုက်ထဲက.. ကလေးက ဆာမှာပေါ့..
စားလိုက်ပါနော်...''"ဒါဆို..ရှောက်သီးသုတ်ပေးမလာ''
"ဟင်..''
မဖြစ်နိုင်တာကြီး။ ကိုယ်ဝန်ဆောင်သည်တွေက
အချဥ်အစပ်တွေကို စားခြင်ကြတတ်တာ
မဆန်းသလို..အနည်းငယ်လောက်
စားကြတာလည်း မဆန်းလှ။သို့သော် သူဌေးလေးကတော့လုံးဝစားလို့မရ။
ကိုယ်ဝန်ကြောင့် မဟုတ်သော်လည်း
ကျန်မာရေးအရ. ရှောက်သီးသုတ်က
သူဌေးလေးနဲ့ လုံးဝမတည့်ပေ။ဒေါ်ပု အကြံအိုက်လေပြီ။
" သုတ်ပေးမှာလားလို့...''
"ဟို..ဟိုလေ..သူဌေးလေး.
ရှောက်သီးသုတ်က..''"လုံးဝ..စားလို့မရဘူး...''
"ဟင်..သူဌေး...''
ကျွန်တော်ကို မြင်တာနဲ့ ဒေါ်ပုက ထမင်းပုကန်
ချကာ အခန်းထဲက ထွက်သွားသလို
ကိုဗိုက်ကလေးကတော့ မျက်စောင်း
တော်ဝင်းပြီး ကျောပေးထားလေသည်။လွမ်းငယ် အပြုအမှုကြောင့် အနည်းငယ်
ပြုံးလိုက်ကာ..။" လွမ်းငယ်....'i
" လာမခေါ်နဲ့..ခများကို...မသိဘူး...''
ဘာရယ်။
ကျောပေးထားတဲ့ လွမ်းစကားကြောင့်
ကြောင်အသူက ရစ်ပင်။ဒီကလေးက.ကျွန်တော့်ကို မသိဘူးပါ့လေ။
ဟက်..ခုထိကောက်နေသေးတာလား။
ရတာပေါ...ခများလေးကောက်တော့လည်း
ကျွန်တော်မျိုးက ချော့ပြရတာပေါ့။" လွမ်းငယ်..''
ကုတင်ပေါ်ထိုင်ရက် ကျောပေးထားတဲ့
ကောင်လေးနောက်ကျောက သွယ်ဖက်ပြီး
ဦးခေါင်းကို ပုခုံးသားဖလးပေါ်
မှိီခိုကာ တိုးညှင်းညှင်းလေသံနဲ့
ခေါ်လိုက်တော့ဆတ်ကနဲတွန့်သွားတဲ့
ခန္ဓာကိုယ်လေး။ဒီကလေး..ဘာလို့ ကျွန်တော်ဖက်တိုင်း
ဒီခန္ဓာကိုယ်လေးက တုန်တုန်သွားပါလိမ့်။