Part-4

5.1K 206 2
                                    


ကိုကို အမိန့်ကိုလွန်ဆန်းပြီးလွမ်း ကြာကြာနေမကောင်းမ
ဖြစ်ရဲ။ တစ်ညသာဒါ နေမကောင်းဖြစ်ပြီး နောက်တစ်နေ့
မိုးလင်းတာနဲ့ ကိုကို အတွက် မနက်စာကို ထပြင်ပေး
လေသည်။

လွမ်းကျောင်းသွားတက်တဲ့ အချိန်ကလွဲ ပြီး ကျန်တဲ့ အိမ်မှာ
ရှိတဲ့အချိန်တွေတိုင်း ကိုကိုအတွက်မနက်စာကို
လွမ်းသာပြင်ပေးရသည်။

ဒါသည်လည်း ကိုကိုအမိန့်တစ်ခုဖြစ်၏။လွမ်းကို
မချစ်ဘဲ မလွဲသာလို့ လက်ထပ်ထားတဲ့ကိုကိုက
မကျေနပ်မူ့တွေကြီးစိုးပြီး အနုနည်းနဲ့ လွမ်းကို
နှိတ်စက်နေခဲ့ခြင်းတစ်မျိုးဖြစ်သည်။

"သူဌေးလေးရယ် နေကောင်းသေးတာလဲ မဟုတ်
ဘဲ အစောကြီးထပြီး ချက်ပြုတ်နေပြန်ပြီလား''

အိမ်တော်ထိမ်းဒေါ်ပုရဲ့ ချက်ပြုတ်ဆောင်ထဲ ဝင်ဝင်
ချင်း အလိုမကျစွာရေရွတ်မှု့ကြောင့် လွမ်းပြုံးလိုက်ရသည်။

" လွမ်းအဆင်ပြေနေပါပြီး ကြီးပု ''

အပြုံးတွေနဲ့ မုန့်ဟင်းခါးဖတ်ကို သေသေခြာခြာ
လေး စူးစိုက် ပြုတ်နေတဲ့ သူဌေးလေးကို ဒေါ်ပု
သနားစိတ်ပိုပြီး ချစ်လွန်းရသည်။

အိမ်ကအလုပ်သမားတွေကို သူဌေးနဲ့မတူဘဲ
မဆူမ​ငါက်။မိသားစုလိုနွေးနွေးထွေးထွေးဆက်ဆံပေးသည်။
အိမ်ဖော်တွေ မထသေးတဲ့အချိန် အစောကြီးထပြီး
အိမ်ဖော်တွေအစား အလုပ်တွေကို ကူပြီးလည်း
လုပ်ပေးတတ်သေးသည်။ ဒါတွေကြောင့်လည်း
လွမ်းကို အားလုံးက အချစ်ပိုပြီးရင် ပိုနေကြရသည်။

" သူဌေး​ လေးဘယ်အချိန်ကတည်းက နိုးနေလို့
အားလုံးပြင်ဆင်လို့ ပြီနေတာလည်းကွယ် ''

လွမ်းချက်နေတဲ့ မုန့်ဟင်းခါး မုန့်ဖတ် ပြုတ်ဖို့သာ ကျန်တော့
သည်မို့ ကြီးပု စိုးရိမ်တဲ့လေသံ ဖြင့် ေမးလာလေသည်။

" လွမ်း 4နာရီမှထဒါပါ ကြီးပု မစောပါဘူး ''

"အော် သူဌေးလေးရယ် 4နာရီက စောဒါပေါ့လို့ကွယ်
ဒီ​ကြားထဲကနေက ကောင်းဒါလည်း မဟုတ်ဘူး
ဖယ်ဖယ် ဒေါ်ပုဘဲ ဆက်ပြုတ်လိုက်မယ် ''

လွမ်းကိုင်ထားတဲ့ ဇွန်းကို အတင်းလုပြီး ကူလုပ်
ဖို့ ပြင်နေတဲ့ ကြီးပုလက်ကို အာနာစွာနဲ့ဘဲ လွမ်း
ရှောင်လိုက်လေသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Donde viven las historias. Descúbrelo ahora