Part-39

4.2K 151 6
                                    


Unicode

Part-39

" ရစ်...ရစ် မင်းထစမ်း..''!!

" အင်းးးး..ဘယ်သူလဲကွာ..ငါ့ကိုလာနိုးရဲတာ
ဘယ်ကောင်လဲ...ဘာသတ္တိနဲ့ နိုးရဲရတာလဲ  ''

နံစော်နေတဲ့ အရက်နှံ့တွေ တစ်ထောင်းထောင်း
ထွက်နေတဲ့ ရစ်။ လွမ်း ထွက်သွားတဲ့
နေ့ကစပြီး နေ့တွေဆို  လွမ်းကိုရှာတယ်ညဘက်
ေတွဆို  ဘားမှာ မူးနေတယ်။
သူ့ကိုအမြဲ လိုက်ထိန်းနေရသူကတော့
ဆက် သာလျှင် ဖြစ်သည်။

" ခွေးကောင်...ငါကွ ငါ ဆက် သေသေခြာခြာ
ကြည့်အုန်း...''

"ဟင်...ဆက်...လား...''

"အေ..ဆက်..မင့်သူငယ်ချင်း  နိုင်ဆက်ဝေ '

"ဆက်...ဟင့်..အဟင့်..ဟေ့ရောင်..
လွမ်းကော..လွမ်းကို တွေ့ပြီလား..
လွမ်းငါ့ဆီ ပြန်လာပြီမလား....
လွမ်းကိုခေါ်ပေးစမ်းပါကွာ...ငါ
လွမ်းကို တွေ့ချင်တယ်...ဟီးးး..''

လူမသိအောင်မူးနေတာတောင်
လွမ်း ကို တမ်းတနေတဲ့ သူငယ်ချင်းဖြစ်သူကို
သူ့မှာအားပေးစရာစကားလုံးမရှိ။
လွမ်း ပျောက်သွားဒါလည်း...1ပတ်ကျော်နေပြီ။
ဘာသတင်းအစအန မှလည်းအခုထိ မရသေးဘူး။

သူလည်းလွမ်းကိုရှာကူခြင်ပါတယ်။
ဒါပေမဲ့ရှာကူပေးမဲ့အချိန်က ရှိမနေ ဘူး။
ဆေးရုံမှာ အသတ်ခံလိုက်ရတဲ့ ရန်အောင်လင်း
ရဲ့အဖေ...ဒေါက်တာကို သတ်တဲ့လူကို
ဖမ်းမိခဲ့ပြီ။..သတ်တဲ့လူကို စစ်မေးချက်အရ
သတ်ခိုင်းတဲ့လူဟာ မြချို ဆိုတာ သိခဲ့ရတယ်။

ထွက်ပြေးနေတဲ့ မြချိုကို ဖမ်းဖို့ အလှုပ်ရုုပ်
နေတဲ့အတွက် လွမ်းကို ရှာဖို့အချိန်မရှိ
ဘူးဖြစ်နေသည်။

အဲ့နေ့က မောင်သစ် လွမ်းကိုရှာဖို့ ထွက်သွား
ခဲ့ပေမဲ့..ရှာမတွေ့ခဲ့ဘူး။ မောင်သစ်ကိုတော့
ရှာ ကူခိုင်းထားသည်။

သူ့ခါးကိုဖက်ပြီးငိုနေတဲ့ သူငယ်ချင်း
ငျောပြင်ကိုပွတ်သတ်နစ်သိမ့်ပေးနေရင်းမှ
အရက်အနှံ့က နှာခေါင်းထဲမခံနိုင်အောင်
ဖြစ်လာပြီး ပျို့တက်လာရသည်။

မခံနိုင်တော့တာနဲ့ရစ်ကို တွဲပြီး ကားကို
ခေါ်ထုတ်လာလိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)حيث تعيش القصص. اكتشف الآن