" သူဌေးလေး ''
"ဘယ်သူလဲ ''
"ဒေါ်ပုပါ နေ့လည်စာ လာပို့ပေးတာ ''
"ဟုတ်..ခဏ ..ကြီးပု ''
လွမ်း အချိန်တော်ကြာတဲ့အထိ ရေချိုးခန်းထဲ
နေခဲ့မိသည်အတွက် အဝတ်အစား အခုထိမဝတ်ရသေး။
ကိုကို အဝတ်ဗီယိုထဲက ညအိပ် ဝတ်စုံ တစ်ထည်
ကပြာကယာ ယူဝတ်ပြီး ကြီးပုအား
အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။" ချလော့ ''
"ဟီး ကြီးပု ''
"သူဌေးလေး... ဖျားနေပြန်ပြီလား ကွယ် ''
"ဗျာ ''
အခန်းတံခါးဖွင့်ပေးလိုက်၍ အခန်းထဲ နေ့လယ်စာ
နဲ့အတူ ဝင်လာတဲ့ ကြီးပုရဲ့ စိုးရိမ်တဲ့လေသံ နဲ့
အမေးကြောင့် လွမ်းမှာ ကြောင်အံအံလေးဖြစ်ကာ
ကိုယ့်နဖူးကိုပင် မဖျားရှိမရှိ စမ်းသတ်လိုက်မိတော့
သည်။" လွမ်း မဖျားပါဘူး ကြီးပုရဲ့ လွမ်းအသား
တွေလည်းပူမနေဘူး ''" သူဌေးလေးကသာ မပူဘူးပြော
နေတာ သူဌေးလေးရဲ့ မျက်နှာက
တစ်ရုတ်မသာကြီးလို ဖြူဖတ်ဖြူရော်
နဲ့ကော ''"ဟင်.. တကယ်လား ''
"တကယ်ပေါ့ သူဌေးလေးရဲ့ ''
လွမ်း မှန်ထဲ အပြေး ကိုယ်မျက်နှာကိုယ်
ကြည့်လိုက်သည်။ ဟုတ်ပါသည်
ကြီးပုပြောသလို တစ်ရုတ်မသာ
ပုံပေါက်နေတာ။ထမင်းပန်ကန်တွေကို စပွဲပေါ်တင်နေတဲ့
ကြိီးပုအနား စူပုတ်ေနတဲ့ မျက်နှာနဲ့
ပြန်လျှောက်သွားလိုက်ပြီး။" ကိုကို..ကိုပြန်မပြောဘူး မဟုတ်လား
ကြီးပု ''" ကြီးပုကို သူဌေးလေးက ဘယ်လို
လုပ်စေခြက်လို့လဲ ''"ကိုကို သာ လွမ်းအခုလို ရုပ်ပေါက်နေတာ
သိရင် လွမ်းကိုသတ်မှာ။ ကိုကို လွမ်းကို နိတ်စက်
လို့ရအောင် လွမ်းကျန်းမာနေတာကိုဘဲ လို
ချင်တဲ့လူ။ လွမ်း အခုလို ရုပ် ဖြစ်နေတာ
မပြောပါနဲ့နော် ''ဒေါ်ပု ဘာလုပ်ရမည်မသိတော့။ဒီကလေး
ကို ကာကွယ် ပေးရမလား။ ဒါမှမဟုတ် မိမိဟာ
မိမိဘဲ ကာကွယ်ရမလား။ ဒီကလေးကို
ကာကွယ်ရင် မိမိ အလုပ်ပြုတ်တော့မှာဧကန်မလွဲ။
မကာကွယ်ပြန်ရင်လည်းဒီကလေး အဆူခံ ထိပြန်တော့
မယ်။