အခန်း-(၁၈)

27.3K 2.3K 131
                                    

ထွန်းစသည် အိပ်ရာပေါ်တွင် လဲလျောင်းရင်းမှ Robert Musil ၏ A man without qualities စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည်။ စိတ်ဝင်တစားဖတ်နေသည်ဟု ထိန်တင် ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကုတင်စွန်းမှ အောက်သို့ ချောင်းကြည့်ပါက ထွန်းစ၏ အညိုနက်ရောင် မျက်ဆံများ၏ စိတ်ပါလက်ပါ တည်ငြိမ်နေမှုကို တွေ့ရသည်လေ။

ထွန်းစက သူ ကြည့်နေစဉ်တွင် ဖျတ်ခနဲ မျက်လုံးလှန်လိုက်သည်။ ထိုအခါ ကုတင် အပြင်သို့ ထွက်နေသော ခေါင်းကို ချက်ချင်း ပြန်မကွယ်နိုင်ဘဲ ထိန်တင် ဒုက္ခရောက်၏။

"မင်းမအိပ်သေးဘူးလား"

မေးလျက်မှ ထွန်းစသည် ဝတ္ထုစာအုပ်ကို ဘေးချ၍ ကုတင်လှေကားဆီကို လှမ်းကာ တက်လာသည်။ ခေါင်းကျော်လောက်သည့် အနေအထားထိရောက်လျှင် ထွန်းစက သူ့ကုတင်ပေါ်သို့ တက်မလာဘဲ လှေကားတွင်သာ ရပ်နေ၏။

"အိပ်မပျော်လို့"

"နေကောင်းရဲ့လား"

ထွန်းစက လဲလျောင်းနေသော ထိန်တင့်နဖူးပေါ်သို့ လက်ဖျားကို ဖိတင်၍ အပူရှိန်တိုင်းသည်။ သာမာန်ကိုယ်အနွေးကို သတိထားမိမှ စိတ်ချသွားသလို ပြုံး၏။

"နေကောင်းတယ်ဆို အိပ်တော့လေ။ မနက်ဖြန်ကျောင်းပိတ်တယ်ဆိုပေမဲ့ .. အိပ်ရေးပျက်ရင် မကောင်းဘူး"

"မင်းကရော မအိပ်သေးဘူးလား"

"ငါစာခဏဖတ်ပြီးရင် အိပ်မှာပါ။"

ထွန်းစက ပေါ့ပါးစွာ ပြောထွက်နိုင်သဖြင့် ထိန်တင် အံ့သြသွားရသည်။ ထွန်းစဟာ သူနှင့် ပုံမှန်မကျသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်ကိုပင် ပုံမှန်အတိုင်း နေနိုင်၊ အိပ်နိုင်လေပါတကား။

"ထိန်"

မျက်နှာကျက်ကို စိုက်ကြည့်နေလျက် သူ မေးဆတ်သော် ထွန်းစက ညင်သာပျော့ပျောင်းသော လေသံဖြင့် ပြောသည်။

"ဒီနေ့ညမှာ တစ်ဦးနဲ့ တစ်ဦး နမ်းမိကြရင်တောင် ကပွဲရဲ့ ပျော်ရွှင်မှုတစ်ခု အဖြစ်ပဲ သတ်မှတ်လို့ရတယ်။ ချစ်သူတွေ မဟုတ်ကြရင်တောင် ဒီတစ်ညတော့ ပျော်သလိုနေလို့ရတယ်လို့ ငါကြားဖူးတယ်"

Maiden SA ( Complete )Wo Geschichten leben. Entdecke jetzt