"မာမီတို့ကို ဘာလို့ မပြောခဲ့ရတာလဲ ထိန်ရယ်"
မာမီ၏ တရှုံ့ရှုံ့ငိုသံမှာ ထိန်တင့်နားထဲသို့ အကျည်းတန်စွာ တိုးဝှေ့နေသည်။ ဒယ်ဒီကလည်း တောက်တခတ်ခတ်နှင့် ထိန်တင့်ကို ဆူသည်။ မိမိ ခွင့်ပြုမိခဲ့သည်ကို မှားသည်ဟု ထင်ကြခြင်းအပေါ် ထိန်တင် နားမလည်ဖြစ်ရသည်။
"ထွန်းစဟာ အခုမှ ဆယ့်ခုနှစ်သာရှိသေးတယ်။ ဒီကလေးတစ်ယောက်ကို ဘယ်လို ကြံ့ခိုင်မှုမျိုးနဲ့ စစ်ထွက်နိုင်မယ်လို့ မင်းယုံကြည်ရသလဲ"
ထိန်တင်က မချိပြုံး ပြုံးလိုက်သည်။ ဒယ်ဒီ့မေးခွန်းအတွက် အဖြေဟာ မိမိ၏ ရင်မှာ ရှိနှင့်ပြီးပါပြီ။ သို့ရာတွင် ယင်းအဖြေကို ဒယ်ဒီတို့ သဘောမပေါက်နိုင်။
"ထွန်းစ လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ် ဒယ်ဒီ။ ကျွန်တော်ဟာ သူ့ရှေ့မှာ အသက်ကြီးလာသလို သူကလည်း ကျွန်တော့်ရှေ့မှောက်မှာပဲ အရွယ်ရောက်ခဲ့သူပါ။ အဲ့သည်လိုမျိူး သူ့ စိတ်ဓာတ်၊ သူ့ခံယူချက်တွေကို အတပ်သိတာမို့ ကျွန်တော် ထွန်းစကို စိတ်ချလက်ချ လွှတ်ခဲ့တာရယ်ပါ .. ဒယ်ဒီ သူ့ကို ယုံကြည်လိုက်ပါ"
"အို ထိန်ရယ် ... မာမီတို့က သူ့ကို အထင်သေးလို့ ပြောနေတာမှမဟုတ်ဘဲ။ ကိုယ့်သားလို သဘောထားရတဲ့ ဒီနုနုနယ်နယ်ကလေးက စစ်မက်လို အန္တရာယ်များတဲ့ နေရာမှာ နဖူးတွေ့ ဒူးတွေ့ တိုက်ခိုက်ရမှာလေ၊ သူ့ အသက်ကို ဖက်နဲ့ ထုပ်ထားရမဲ့ ကိစ္စ။ မတော်လို့ .. "
မာမီတစ်ယောက် စကားကို ရှေ့မဆက်နိုင်ဘဲ အင့်ခနဲ ရှိုက်လိုက်ချိန်တွင် ထိန်တင် နေရာမှ ထရပ်လိုက်သည်။ ထို့နောက် ပထမဆုံးအကြိမ်အဖြစ် မာမီ့အား ဆန့်ကျင်တော်လှန်စွာ ကြည့်မိ၏။
"ထွန်းစက မနုနယ်ပါဘူး မာမီ။ ငယ်ငယ်လေးကတည်းက ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ သူမို့ စစ်မြေပြင်မှာလည်း သူ အဆင်ပြေမှာပါ၊ မာမီ့ကို စိတ်ပူအောင် လုပ်ခဲ့မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်"
မာမီက သူ့ကို အံ့သြမှုဖြင့် တုံ့ပြန်သည်။ မည်သည်ကို အံ့သြသွားသနည်း။ မိမိမှ သူငယ်ချင်းအတွက် ထားရှိသော ယုံကြည်ခြင်းကို မြင်ရ၍လား။ သူမအပေါ် ဆန့်ကျင်ပုံကို သတိပြုမိ၍လား။ သို့မဟုတ် ..
YOU ARE READING
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။