( A\N - မည်သည့်အခန်း၊ မည်သည့်အပိုင်းကိုမှ social media တွင် spoil ခြင်းမပြုလုပ်ပါရန် အနူးညွှတ် မေတ္တာရပ်ခံပါသည်။
Recommended song - High Hopes by Kodaline )
•••••
အချစ်ဟူသည်မှာ မစခင်မှ ဆုံးတတ်သော အလွဲသတ္တိ ဂုဏ်သဘောရှိသည်။ ထို့အတူ မိမိ၏ အချစ်ဟာ သူတစ်ပါးထံသို့ ခိုဝင်နေတတ်သည့် အံကျမဖြစ်သော လွဲချော်မှုလည်း ရှိတတ်ပြန်သည်။
မည်သို့ပင်ဖြစ်စေကာမူ၊ အချစ်ဟာ အချစ်ပင် ဖြစ်သည်။ နူးညံ့သည်ဖြစ်စေ၊ ကြမ်းလျော်သည်ဖြစ်စေ ချစ်ခင်နှစ်သက်ခြင်းကတော့ သူ့အလုပ်သူ လုပ်သွားမည်ပင်။
•••
နေမင်းသာ၍ တိမ်ကင်းစင်သော တစ်နေ့တွင် စမစ်သည် သူ့ ချစ်သူမိန်းကလေးနှင့် အိပ်ရာပေါ်၌ အတူတကွ ရှိနေခဲ့သည်။ အိုင်းရစ်စ်၏ သွယ်ပျောင်း နက်ဆွေးသော ဆံမျှင်စကလေးများကို ပွတ်ထိ ကစားနေရာမှ စမစ်၏ နားထဲသို့ အသံကျယ်ကျယ် တစ်ခုက ပွက်ညံလာသည်။
"誰かあなたに会いにいくよ"
(မင်းကိုတွေ့ဖို့ တစ်ယောက် ရောက်နေတယ်)ဖခင်ဖြစ်သူ၏ သတိပေးသံကြောင့် စမစ်သည် ကုတင်ပေါ်မှ ထထိုင်၍ အဝတ်အစားများကို လဲလှယ်လိုက်သည်။
"အိုင်းရစ်စ် နေ့လယ်စာစားသွားလေ"
အိုင်းရစ်စ်က သူမ ဆံပင်များကို လက်ချောင်းများနှင့် ဖြီးသင်ရင်း ကုတင်ပေါ်မှ ဆင်းလိုက်သည်။
"မစားတော့ဘူး ကိုကို။ အိမ်မှာ စာလုပ်စရာလေး ရှိလို့"
စမစ်၏ ပါးပြင်ထက်သို့ အနမ်းတစ်ပွင့် ကြဲချလျက် အိုင်းရစ်စ်က ပြောသည်။ ထို့နောက် သူမ၏ လွယ်အိတ်ကို ယူကာ အပြင်သို့ ထွက်သွား၏။
စမစ်လည်း ကိုယ်လက်သန့်စင်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ဧည့်ခန်းမတွင် ရောက်နေသူက ကိုမိုးငြိမ်။ မမြင်ရတာ ကြာပြီ ဖြစ်သော ကိုမိုးနှင့် တွေ့ရသဖြင့် စမစ်၏ မျက်ဝန်းများက ဖြာဖြာလဲ့လဲ့နှင့် တောက်ပသွားသည်။
"ဟာ ကိုမိုး .. မတွေ့တာကြာပြီနော်"
ကိုမိုးငြိမ်က သူ့ နာမည်အတိုင်း ငြိမ်သက်စွာ ပြုံးပြသည်။ ကျွန်းခုံမှာ ထိုင်နေသည်ကလည်း ကျုံ့ကျုံ့ယုံ့ယုံ့နှင့် အိန္ဒြေရှိလှ၏။ စမစ်က ခြေလှမ်းများကို သွက်ရင်း ကိုမိုး၏ ဘေးခုံသို့ ဝင်ထိုင်လိုက်သည်။
ESTÁS LEYENDO
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။