Recommended song - Don't blame me by Taylor Swift.
Spoil ခြင်း သည်းခံပါရန်။
••••
နံနက်ခင်း၏ အစတွင် လိမ္မော်ရောင် ဖျော့ဖျော့ သန်းသော ရောင်ခြည်ဦးသည် ဖြူဖွေးနုညက်နေသော နှင်းပြင်တစ်ခွင်သို့ ဟိုတစ်ပြောက် သည်တစ်ပြောက် ဖြန့်ကျက်လာသည်။ ခဏအကြာတွင် ထင်းရှူးပင်များနှင့် အုပ်ဆိုင်းနေသော သစ်သားအိမ်၏ မှန်ပြင်မှ တစ်ဆင့် နေရောင်ခြည်များ တိုးဝင်လာ၏။
ထွန်းစသည် မျက်ခုံးတန်းများကို တွန့်ကြုံ့ထားပြီး မျက်လွှာဖွင့်လာ၏။ နေမင်း၏ ရှေ့တော်ပြေးကလေးမှာ အိပ်ရာခင်း ဖြူဖြူထက်တွင် အရောင်ခြယ် ရင့်မှည့်နေကြောင်း မြင်ရသည်နှင့် တစ်ပြိုက်နက် နွေးခနဲ ခံစားလိုက်ရသည်။
မိမိ၏ ကျောမှာ ပိုမို ပူနွေးနေ၏။ ခပ်ကြပ်ကြပ် ပွေ့ဖက်ခံထားရသည့် ကြားမှ အနောက်သို့ ခေါင်းလှည့် ကြည့်မိသောအခါ မိမိ၏ ဦးခေါင်းတွင် မျက်နှာအပ်ထားသော ထိန်တင့်အား တွေ့ရသည်။ အသားအရည်လှလွန်းသော ထိန်တင်သည် ဖြူဉဝင်းလဲ့နေသော ကိုယ်လုံးတီးခန္ဓာကိုယ်နှင့် နေရောင်အောက်တွင် သွေးရောင်လွှမ်းနေ၏။ ထွန်းစ၏ ခါးသို့ လျှိုဖက်ထားသည့် လက်ချောင်းရှည်များမှာ ထိပ်ဖျားတွင် ခပ်ရဲရဲ နီနေပြီး ကိုယ်လုံးတီး ခန္ဓာကိုယ်၏ ခါးထက်တွင်တော့ ဂွမ်းစောင်ကို လွှားထားသည်။ ထွန်းစ ငေးနေဆဲမှာ ထိန်တင့် မျက်ခွံများ လှုပ်လာ၏။ လှိုက်ခနဲ ရှက်ရွံ့သွားသော ထွန်းစသည် တစ်ဖက်သို့ ပြန်လှည့်ပြီး ထိန်တင့်အား ကျောခိုင်းလိုက်သည်။ ထိန်တင်က နိုးလာသည်နှင့် တစ်ဆက်တည်း ထွန်းစ ခါးပေါ်မှ လက်များကို ပိုတင်းကြပ်ရင်း ခန္ဓာကိုယ်ချင်း နီးကပ်လာသည်။
"အင်း .. ရွှတ်"
ထွန်းစ၏ လည်ကုတ်ပေါ်သို့ ထိန်တင့် အနမ်းများ ကြဲပက်လာသည်။ ထွန်းစ အနည်းငယ် တွန့်သွားပါ၏။
"နိုးပြီလား"
ထိန်တင့် လေသံက ခပ်မှန်မှန် ထွက်လာသည်။ ထွန်းစ ထိန်တင့်အား လှည်ပြန်ကြည့်လိုက်သောအခါ နှုတ်ခမ်းများဆီသို့ နင့်နင့်သည်းသည်း စုပ်နမ်းခံလိုက်ရ၏။
YOU ARE READING
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။