အခန်း-(၁၁)

31.5K 2.6K 50
                                    

မျက်နှာသစ်အပြီး အခန်းပြန်ချိန်တွင် နှစ်ထပ်ကုတင်၏ အပေါ်ထပ်မှ ထိုင်လျက် ငြိမ်သက်တိတ်ဆိတ်နေသော ထိန်တင့်ကို တွေ့ရသည်။ ညစဉ်ညတိုင်း တရားထိုင်တတ်သည်မှာ ထိန်တင့်အကျင့်ပင် ဖြစ်သည်မို့ ထွန်းစကလည်း လုပ်နေကျအတိုင်း သူ့ အေးချမ်းမှုကို ငေးကြည့်ဖြစ်သည်။ ပြီးနောက် အောက်ကုတင်ပေါ် တက်ကာ လှဲချ၍ စောင်ခြုံလိုက်၏။

နောက်ဆယ်မိနစ်ကြာသည်အထိ အိပ်မပျော်သဖြင့် သူ မျက်လုံးမှိတ်၍ မှိန်းနေသည်။ မကြာ၊ အပေါ်ထပ်မှ ထိန်တင်၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။

"ထွန်းစ မင်းအိပ်နေပြီလား"

"အင်း"

မျက်စေ့မဖွင့်ဘဲ သူ ဖြေတော့ ..

"ဘာလို့ ဘုရားမရှိခိုးတာလဲ"

"မအေးချမ်းတဲ့ စိတ်ကြောင့် ငါငရဲမရချင်လို့ပါ"

ထွန်းစက သူ့ကိုယ်ကို ဘေးသို့ စောင်းလိုက်ရင်း စောင်ကို ပုခုံးကျော်အောင် လုံးခြုံပစ်လိုက်သည်။ ထိုခဏတွင် ထိန်တင်၏ သက်ပြင်းရှိုက်သံကျယ်ကျယ်ကို အိပ်ရာဝင်တေးပမာ ကြားလိုက်ရလေ၏။

•••

မနက် (၇) နာရီတွင် သူတို့အားလုံး အိပ်ရာထကြရသည်။ ထိန်တင် လှေကားနှင့် ဆင်းလာစဉ်မှာ ထွန်းစက မနိုးသေးသဖြင့် လှမ်းနှိုးရသေးသည်။ ထွန်းစသည် အိပ်မှုံစုံမွှားဖြင့် ထထိုင်လာပြီး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ပြီးနောက် သူတို့နှစ်ယောက်လုံး ဘာရွန့်ကို သွားနှိုးကြရသည်။ ကြိမ်ခြင်းကိုယ်စီ ယူပြီး ရေချိုးဆောင်ထဲ ဝင်စဉ်တွင် ရှုပ်ထွေးနေသော ကောင်လေးအုပ်စုနှင့် ပက်ပင်းတိုးသည်။ သူတို့၏ အဆောင်နေ ဝတ်စုံကို စိတ်ကြိုက်ခွင့်ပြုထားသော်လည်း များသောအားဖြင့် ရှပ်လက်တို (သို့) စွပ်ကျယ်နှင့် ပုဆိုး (သို့) ဘောင်းဘီတိုသာ ဝတ်ဖြစ်ကြသည်။

"အိပ်ချင်နေတာလား"

မျက်နှာသစ်ရန် စောင့်နေဆဲတွင် ထိန်တင်က ခေါင်းငဲ့မေးလာသည်။ ထွန်းစသည် ထိန်တင့်ပုခုံးဝယ် ကပ်မှီလျက်မှ ပြုံးတုံ့တုံ့ လုပ်ပြလိုက်၏။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora