အခန်း-(၄၀)

19.6K 1.8K 146
                                    

ဒီအခန်းတင်မကဘဲ နောက်ထပ် လာမဲ့ အခန်းအားလုံးကို ဘယ်နေရာပေါ်မှာမှ spoil မလုပ်ဖို့ ကျနော် အနူးညွှတ်တောင်းဆိုပါတယ်ခင်ဗျာ။

( Recommended song - Happier than ever by Billie Eilish )

•••••

ထွန်းစသည် ဦးသစ်အေးသို့ နေအိမ်သို့ ထပ်မံရောက်ရှိခဲ့လေသည်။ ယခု တစ်ကြိမ် ရောက်ရှိချိန်တွင်တော့ လူသူမရှိသော အိမ်ကြီးမှာ ထူးဆန်းစွာပင် ပြောင်းလဲနေခဲ့သည်။

ထွန်းစသည် ခြေသံကို ဖြည်းဖွ၍ ခြံတံခါးဘေးက သစ်မာပင်တွင် ပုန်းလျှိုးဝှက်လျှိုး ရပ်ကာ ချောင်းကြည့်သည်။ သူ မရောက်တာ ကြာပြီဖြစ်သော အိမ်ကြီးမှာ လူနေသကဲ့သို့ မီးများ ဖွင့်ထား၏။

မျက်လုံးအား ကစားကြည့်ချိန်တွင် ခြံဝန်းထဲ၌ လူရိပ်တစ်ခုကို တွေ့ရသည်။ ထွန်းစသည် သစ်မာပင်၏ အကွယ်မှ ထွက်၍ ခြံရှေ့သို့ ရဲဝံ့စွာ လှမ်းလိုက်သည်။

ထိုအခါမှ ထွန်းစ တွေ့မိသည်။ ဝှီးချဲပေါ်ရှိ ဦးသစ်အေးကို ထွန်းစ တွေ့မိသည်။ ဦးသစ်အေးသည် သတင်းစာတစ်စောင်ကို ကိုင်ဖြန့်၍ အကျအန ဖတ်နေ၏။ ခေတ္တအကြာတွင် အိမ်ထဲမှ အမျိုးသမီးတစ်ဦး ထွက်လာသည်။ ဦးသစ်အေး၏ သမီးပင် ဖြစ်သည်။ ထိုမိန်းမသည် ဦးသစ်အေးဘေးက ထိုင်ခုံမှာ ထိုင်၍ စကားလှမ်းပြောသည်။ ဦးသစ်အေး၏ ဟန်ပန်များဟာ သာမာန်ဖခင်တစ်ဦးကဲ့သို့ ပြုမူ၍ စကားပြောစဉ်မှာလည်း သာမာန်လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ကိုယ်ပိုင်းဆိုင်ရာ ရောဂါရှိသူဟုပင် မထင်ရ။ သည်အဘိုးကြီးဟာ စင်စစ်ကျန်းမာရေးကောင်းသူဖြစ်ရမည်။

ထွန်းစသည် ခြံရှေ့တွင် မလှုပ်မယှက် ရပ်ကာ အကြံထုတ်နေသည်။ မိမိ ရောက်ရှိသည်ကို သိလျှင် ဦးသစ်အေး မည်သို့ ဖြစ်သွားမည်နည်း။ အကယ်၍ ဦးသစ်အေးဟာ စိတ်ရောဂါသည်တစ်ဦး မဟုတ်ခဲ့ပါက အဘယ်ကြောင့် ရူးနှမ်းဟန် ဆောင်ရသနည်း။

ဤသို့သော အကြောင်းပြချက်များကြောင့် သည်လူဟာ ဖေဖေနှင့် ပတ်သတ်၍ မူမမှန်သည်မှာ သိသာနေသည်။

ထိုစဉ် ဦးသစ်အေးသည် ခြံရှေ့မှ ထွန်းစအား မြင်လိုက်မိသည်။ ရုတ်တရက်ဖြစ်၍ အင်မတန် ထိန်လန့်သွားပုံရှိပြီး ဦးသစ်အေး၏ အောက်နှုတ်ခမ်းမှာ ကွာဟ၍ မျက်ဝန်းအိမ်က ကျယ်ဝန်းလာသည်။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora