အခန်း-(၃၉)

18.3K 1.7K 99
                                    

ဒီအခန်းတင်မကဘဲ နောက်ထပ် လာမဲ့ အခန်းအားလုံးကို ဘယ်နေရာပေါ်မှာမှ spoil မလုပ်ဖို့ ကျနော် အနူးညွှတ်တောင်းဆိုပါတယ်ခင်ဗျာ။

•••••

( Recommended song - Bleeding love by Leona Lewis )

လေးငယ်၏ ဒက်ဘော်ဒီကို စစ်ဆေးရာမှ လေးငယ်သည် ထိုညတွင် အရက်သောက်ထားခဲ့ကြောင်း တွေ့ရသည်။ မအိပ်ခင် ထိန်တင်တို့နှင့် တွေ့စဉ်မှာလည်း လေးငယ်ဟာ အရက်မူးနေခဲ့သည်။ လေးငယ်သည် မနက်ဝေလီဝေလင်းတွင် အရက်မူးမူးနှင့် အိပ်ရာထလာကာ လှေကားပေါ်မှ ချော်ချခဲ့ခြင်းဖြစ်သည်။

ထိန်တင်သည် ထိုနေ့က ဆေးရုံတွင် သတိမေ့သွားခဲ့သည်မှ နောက်တစ်နေ့အထိ ပြန်လည်နိုးထလာခြင်းမရှိပေ။ လေးငယ်၏ ဈာပနအတွက် ပင်ပန်းနေသော မင်းကြီးအစား ထွန်းစကသာလျှင် ထိန်တင့်ကို စောင့်ရှောက်ပြုစုပေးရသည်။

ညနေပိုင်း ညီအစ်ကိုမသိတသိအချိန်တွင် ထိန်တင် သတိရလာသည်။ ထိန်တင်သည် နိုးလျှင် နိုးချင်း လေးငယ်ကို တကာ ထငိုတော့သည်။  ထိမ်တင်၏ ချောမောလှသည့် မျက်နှာတွင် သစ်လွင်နုနယ်ခြင်းမရှိဘဲ အင်မတန် ဖျော့တော့စိတ်ဆင်းရဲနေသည့် အရိပ်အယောင်များနှင့် နွမ်းလျနေရှာသည်။

"ထိန် .. ငါရှိတယ်နော်၊ ဘာမှမဖြစ်ဘူး"

ထွန်းစက ထိန်တင့်အား တင်းကြပ်စွာ ပွေ့ဖက်ရင်း ချော့နေသော်လည်း ထိန်တင်ဟာ ပုခုံးများ တုန်ယင်သည်အထိ ရှိုက်ညည်းလျက် ငိုနေခဲ့သည်။ လေးငယ်၏ သေဆုံးခြင်းကို မျက်မြင်တွေ့ခဲ့စဉ်က သိုမြှုပ်နေခဲ့သော မျက်ရည်များမှာ ယခုအချိန်မှ အထိန်းအကွပ်မရှိဘဲ ယိုကျလာဟန်တူသည်။

"မဖြစ်နိုင်ဘူး ထွန်းစ။ မဖြစ်နိုင်ဘူး .. လေးငယ်က အခုမှ ငယ်ငယ်လေး ရှိသေးတာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"မင်းလက်ခံဖို့ ဆုံးဖြတ်စမ်းပါ ထိန်ရာ ... ငါတို့အားလုံး သေခြင်းတရားကို မရှောင်လွှဲနိုင်ဘူး။ ဒါဟာ လောကရဲ့ နိယာမပဲ"

"ထွန်းစရယ်"

ထွန်းစသည် သူ၏ ရင်ခွင်တွင် ခေါင်းတိုးဝင်လျက်မှ ကလေးတစ်ဦးပမာ ငိုကြွေးနေသော ထိန့်အား များစွာ ကရုဏာသက်မိသည်။ ရွှေဇွန်းကိုက်၍ မွေးလာခဲ့သော ထိန်သည် သူ၏ ဘဝတွင် ဤကဲ့သို့ စိတ်ထိခိုက်ကြေကွဲဖွယ်ရာအဖြစ်အပျက်မျိုးကို ဘယ်သောအခါမျှ မကြုံတွေ့ခဲ့သည်ဖြစ်၍ ယခု ရင်ဆိုင်စစ်ထိုးချိန်တွင် ပြည့်ဝစွာ နေသားမကျနိုင်။ အနိုင်မယူနိုင်။

Maiden SA ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin